နေပြည်တော် သြဂုတ်လ ၅ ရက်
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌဟောင်း၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌဟောင်းနှင့် ဒုတိယမြို့တော်ဝန်ဟောင်း တာဝန်များထမ်းဆောင်ခဲ့ သော ဦးရဲမင်းဦး ၏ ဆောင်ရွက်ချက်များနှင့် နေပြည်တော်မြို့မဈေး၌ မီဒီယာစင်တာ ဆောက်လုပ်ခြင်းတို့နှင့် ပတ်သက်၍ အဂတိလိုက်စားမှုများအပေါ် စိစစ်ဖော်ထုတ် ပေးနိုင်ပါရန် တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ပါသည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌဟောင်း ဦးရဲမင်းဦးသည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က
နေပြည်တော်ဖွံဖြိုးရေး ဘဏ်၏ ဘဏ်အမည်သစ် ပြောင်းလဲမှုနှင့် အများပြည်သူမှ ပိုမိုသိရှိပြီး
ဝန်ဆောင်မှုများ ပေးနိုင်စေရန်အတွက် Digital Marketing Services Facebook ကြော်ငြာ
ဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇
တင်ဒါလုပ်ထုံး လုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်မှုမရှိခြင်း၊ ဘဏ္ဍာရေး စီမံခန့်ခွဲမှု
ဆိုင်ရာ စည်းမျဉ်းများကို ဖောက်ဖျက်၍ ဝန်ဆောင်မှုကို အခြားကုမ္ပဏီများထက် အခကြေးငွေ
ပိုမိုလျက် အမှန်တကယ်လုပ်ငန်းတည်ရှိမှု မရှိသည့် ၎င်းနှင့်ဆက်စပ်သည့် ကုမ္ပဏီ
တစ်ခုသို့ ၃-၈-၂၀၂၀ ရက်နေ့တွင် ကြော်ငြာ လုပ်ငန်းငှားရမ်းခြင်း ပြုရာတွင် မြန်မာငွေကျပ်
၂၈သန်း ကျော်ကို ပိုမိုခွင့်ပြုပေးခဲ့ခြင်းတို့ကြောင့် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့်
ပိုင်ဆိုင်မှု တို့ကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေခဲ့ကြောင်း၊
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌဟောင်း ဦးရဲမင်းဦး သည် နေပြည်တော်ဖွံ့ဖြိုးရေး ဘဏ်၏
ချေးငွေမူဝါဒနှင့် လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုမရှိဘဲ မြေဂရန်သက်တမ်း ကုန်ဆုံးနေခြင်း၊
ဂရန်အမည်ပေါက် ပြောင်းလဲရန်လိုအပ်ခြင်း စသည့် စာရွက်စာတမ်း အထောက်အထား မပြည့်စုံဘဲ
၎င်းနှင့်ဆက်စပ်သည့် ပုဂ္ဂိုလ်နှစ်ဦးအား ၁၆-၃-၂၀၂၀ ရက်နေ့ တွင် ငွေကျပ်သန်း ၁၇၀ ကို
စာချုပ်ချုပ်ဆို ထုတ်ချေးခဲ့ခြင်းကြောင့် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို
ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေခဲ့ကြောင်း၊
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌဟောင်း ဦးရဲမင်းဦးသည် ၎င်းနှင့်ဆက်စပ်သည့် ပုဂ္ဂိုလ်တစ်ဦး၏
အိမ်နှင့် မြေအား အာမခံပြုလုပ်၍ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ ငွေချေးယူရာတွင်
ချေးငွေဆုံးရှုံး နိုင်ခြေ စီမံခန့်ခွဲမှု ကော်မတီမှ ငွေကျပ်သန်း ၄,၂၅၀ သာ ချေးယူသင့်ကြောင်း
အကြံပြု တင်ပြမှုကို လျစ်လျူရှု၍ ချေးငွေကျပ်သန်း ၄,၅၀၀ အား ၂၈-၉-၂၀၂၀
ရက်နေ့တွင် ချေးယူခွင့်ပြုခဲ့ခြင်း၊ ထပ်တိုးချေးငွေ ကျပ်သန်း ၄၅၀ အား ထပ်မံခွင့်ပြုခဲ့ခြင်းတို့ကြောင့်
နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေခဲ့ကြောင်း၊
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌဟောင်း ဦးရဲမင်းဦးသည် ပုဂ္ဂိုလ်တစ်ဦးမှ မြေနှင့်အိမ်အား
အာမခံပြုလုပ်၍ ချေးငွေရယူထားမှုကို ကုမ္ပဏီတစ်ခု အမည်ပြောင်းပြီး ချေးငွေဆုံးရှုံးနိုင်ခြေ
စီမံခန့်ခွဲမှု ကော်မတီမှ ထောက်ခံသည့် ငွေကျပ်သန်း ၄,၇၁၉ အပေါ် ငွေကျပ် ၈၁ သန်း ပိုမိုပြီး
၂၈-၉-၂၀၂၀ရက်နေ့တွင် ငွေကျပ်သန်း ၄,၈၀၀ ထုတ်ချေးခဲ့ခြင်းသည် နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်၏
ချေးငွေမူဝါဒနှင့်ကိုက်ညီမှုမရှိဘဲ ထုတ်ချေးခဲ့ခြင်းကြောင့် နိုင်ငံတော်၏ ငွေကြေး၊
ပစ္စည်းနှင့်ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာပျက်စီးဆုံးရှုံး စေခဲ့ကြောင်း၊ နေပြည်တော်
စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌဟောင်း၊ နေပြည်တော် ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌဟောင်း
ဦးရဲမင်းဦးသည် နေပြည်တော် မြို့မဈေးပွဲရုံတန်း၌ Information Center တည်ဆောက်ရန်
ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ တင်ဒါလုပ်ထုံးလုပ်နည်းများနှင့်အညီ
တင်ဒါခေါ်ယူဆောင်ရွက်မှုမရှိဘဲ ၎င်းနှင့် ဆက်စပ်သည့် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုသို့
၆-၁-၂၀၂၁ ရက်နေ့တွင် လုပ်ငန်း တန်ဖိုး ငွေကျပ် ၁၆၉ သန်းကျော်ဖြင့် စာချုပ်ချုပ်ဆိုငှားရမ်းခဲ့ခြင်း၊
ကုမ္ပဏီက တင်ဒါစီမံကိန်း မဟုတ်ဘဲ တင်ဒါစီမံကိန်းဟု ဖော်ပြပြီး နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ
ချေးငွေအဖြစ် ငွေကျပ် ၅၉ သန်းကျော် ချေးယူရာတွင် ထုတ်ချေးရန် အတည်ပြုဆုံးဖြတ်ခဲ့ခြင်းတို့ကြောင့်
နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့်ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာပျက်စီး ဆုံးရှုံးစေခဲ့ကြောင်း
တို့ကိုစစ်ဆေး ပေါ်ပေါက်သဖြင့် ဦးရဲမင်းဦး အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ
ပုဒ်မ ၅၅ အရ နေပြည်တော်ကောင်စီနယ်မြေ အမှတ်(၁)နှင့် အမှတ်(၅)မြို့မရဲစခန်းတို့တွင်
၅-၈-၂၀၂၁ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး
ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်း ရရှိသည်။
သတင်းစဉ်
No comments:
Post a Comment