မော်လမြိုင် ဩဂုတ် ၂၇
မွန်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၉ နာရီက မော်လမြိုင်မြို့၊ မြဆည်းဆာ ဘိုးဘွားရိပ်သာတွင် အသက်(၆၅) နှစ်အထက် သက်ကြီးဘိုးဘွား (၄၁)ဦးအား ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပရဟိတစေတနာ့ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးမှုကို ကြည့်ရှု၍ အားပေးစကားပြောကြားပြီး အာဟာရဖြည့် အစားအစာများ လှူဒါန်းပေးခဲ့သည်။
ထို့နောက်
ပြည်နယ်ဝန်ကြီးချုပ်က မြို့နယ်များအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို လူဦးရေ
စာရင်းများအရ တိကျမှန်ကန်စွာ ထိုးနှံနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားရန်၊
ပြည်သူများ တစ်ဦးမှ တစ်ဦးသို့ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့်
ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီတိကျစွာ
လိုက်နာ ဆောင်ရွက်ကြရန် တာဝန်ရှိသူများကို မှာကြားသည်။
ဆက်လက်၍
ဘိုးဘွားများ ခိုလှုံရာ မြဆည်းဆာဘိုးဘွားရိပ်သာတွင် အလှူရှင် အဂ္ဂမဟာသီရိ သုဓမ္မမဏိဇောတဓရ
ဦးလှထွန်းမိသားစု (ကိုလှထွန်းငရုတ်သီးမှုန့်လုပ်ငန်း) မှ စုစုပေါင်းလှူဒါန်းငွေကျပ်
သိန်းတစ်သောင်းကျော်ဖြင့် ဆောက်လုပ်လှူဒါန်းသည့် (၁၂၀ ပေ၊ ၈၀ပေ) ဓမ္မာရုံ၊
(၁၂၀ ပေ၊ ၇၀ ပေ) နှစ်ထပ်သံဃာဆောင်၊ (၁၂၀ ပေ၊ ၅၀ ပေ) ဆွမ်းစားဆောင်နှင့်
(၁၂၀ ပေ၊ ၃၀ ပေ) ဘိုးဘွား ရိပ်သာဆေးရုံတို့ ဆောက်လုပ် နေမှုကို ကြည့်ရှုသည်။
မွန်ပြည်နယ်အနေဖြင့်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ
(၉၅၀၀၀) ကို ထိုးနှံပေးခဲ့ပြီးဖြစ်ရာ ယခုထပ်မံရောက်ရှိလာသည့်
ကာကွယ်ဆေးများကို မော်လမြိုင်မြို့နယ် အပါအဝင် သက်ဆိုင်ရာ မြို့နယ် များအလိုက် သတ်မှတ်နေရာများ၌
ဩဂုတ် ၂၇ ရက်နေ့မှစ၍ ထိုးနှံပေးမည်ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်း များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊
ပရဟိတစေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးရာတွင်
ဝိုင်းဝန်း ကူညီဆောင်ရွက်ကြရန် စီစဉ်ထားကြောင်း
သိရသည်။

No comments:
Post a Comment