မုံရွာ သြဂုတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သားငါးမွေးမြူထုတ်လုပ်မှုမြှင့်တင်ရေးညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာချုပ် တိုင်းမှူးဗိုလ်မှူးချုပ်ဖြိုးသန့်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ တိုင်းဒေသကြီး/ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာ၊ ရွှေဘို၊ စစ်ကိုင်း၊ ယင်းမာပင်ခရိုင်များမှ မွေးမြူရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများနှင့် အစာထုတ်လုပ်ရောင်းချသူများ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ရှေးဦးစွာ
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားရာတွင် “ မွေးမြူရေးနှင့် ထုတ်လုပ်ရေးကို မြှင့်တင်ရေးအတွက်ရည်ရွယ်ကာ
ယခုအစည်းအဝေးပြုလုပ်ပြီး ကျွန်တော်တို့အားလုံး ယခုခန်းမထဲမှာ တွေ့ဆုံညှိနိုင်းရခြင်း ဖြစ်ပါကြောင်း၊ ညှိနိုင်းရရှိမှုတွေအပေါ်မှာ
တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကူညီပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊
တာဝန်ရှိသူများကလည်း မိမိတို့တာဝန်ယူထားရမှုအပေါ် ကျေပွန်စွာဆောင်ရွက်ရန်နှင့် မွေးမြူထုတ်လုပ်သူများကလည်း တိုးချဲ့မွေးမြူကာ အရည်အသွေးပြည့်ဝတဲ့ တုတ်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် စားသုံးသူပြည်သူများဆီ
အချိန်မရွေး လုံလောက်စွာ ဖြည့်ဆည်းပေး နိုင်ရမယ်လို့ ရည်မှန်းဆောင်ရွက်သွားကြရန်
လိုအပ်ပါကြောင်း၊ သားငါးမွေးမြူထုတ်လုပ်မှု မြှင့်တင်ရေးညှိနှိုင်း အစည်းအဝေးဟာ မွေးမြူထုတ်လုပ်မှုကို
အမှန်တကယ် ဆောင်ရွက်နေတဲ့
မွေးမြူရေးနှင့်အစာထုတ်လုပ်မှု
လုပ်ငန်းရှင်များအစုအဖွဲ့က တာဝန်ခံများနှင့်တွေ့ဆုံပြီး ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို
သိလိုတာရယ် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများသားငါးစားသုံးမှု လုံလောက်ပြည့်၀စေလိုတာကြောင့်
တာဝန်ရှိများနှင့် ဘယ်လို
ပူးပေါင်း ဆောင်ရွက်ကြမလဲဆိုတာကို ဆွေးနွေးညှိနှိုင်းဆောင်ရွက်နိုင်အောင်လို့
ကျင်းပရခြင်းဖြစ်ပါကြောင်း ” ပြောကြားခဲ့သည်။
ယင်းနောက်
အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်က
တပ်ရင်းတပ်ဖွဲ့များ၏ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများအား ဆွေးနွေးပြောကြားပြီး
မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့်
ယင်းမာပင်ခရိုင် ဦးစီးမှူးနှင့်
ငါးလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီး
ဦးစီးမှူးနှင့်
ရွှေဘိုခရိုင်ဦးစီးမှူးများက မိမိတို့ဌာနများအလိုက် ဆောင်ရွက်လျက်ရှိသည့် မွေးမြူရေးလုပ်ငန်းများနှင့်
ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍
အသီးသီး ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍
တိုင်းဒေသကြီးအတွင်းရှိ မွေးမြူရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများနှင့် အစာထုတ်လုပ်ရောင်းချသူများ အသင်းအဖွဲ့ဥက္ကဋ္ဌများက မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင်
မိမိတို့ကြုံတွေ့ရသည့် အခက်အခဲများ၊
အစာရရှိမှု အခက်အခဲများနှင့်
မွေးမြူရေးလုပ်ငန်းများအား အသီးသီး ဆွေးနွေးတင်ပြကြကာ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက
မွေးမြူရေး လုပ်ငန်းများနှင့်
ပတ်သက်၍ ဖြည့်စွက် အကြံပြုဆွေးနွေးသည်။
ထို့နောက်
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မွေးမြူရေးလုပ်ငန်းရှင်များ အနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင်
ကြုံတွေ့ရသည့် အခတ်အခဲများ၊
အစာရရှိမှုအခက်အခဲများနှင့် မွေးမြူရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြချက်များအပေါ်
လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး
အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)
No comments:
Post a Comment