Monday, August 23, 2021

ယင်းမာပင်မြို့နယ်အတွင်း လူဦးရေ (၆၇၀၀) ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီး





ယင်းမာပင်    ဩဂုတ်  ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် (၆၅)နှစ် အထက်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ပြည်သူများအား စတုတ္ထအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဩဂုတ်လ (၁၈) ရက်နေ့မှ (၂၂) ရက်နေ့အထိ ထိုးနှံပေးလျက်ရှိရာ လူဦးရေ(၂၀၀၀)ဦး ထိုးနှံပြီးစီးကြောင်း သိရသည်။

ယင်းမာပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဩဂုတ်လ (၃) ရက် နှင့် (၄) ရက်နေ့တွင် လူဦးရေ(၂၀၀၀)ဦး၊ ဩဂုတ်လ (၇ ၊ ၈ ၊ ၉ )ရက်တို့တွင် လူဦးရေ(၁၅၀၀) ဦး၊ ဩဂုတ်လ (၁၄ ၊ ၁၅) ရက်နေ့တွင် (၁၂၀၀)ဦး ထိုးနှံပေးနိုင်ခဲ့ပြီး  ယခုထပ်မံရောက်ရှိလာသော တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော(Sinopharm)ဆေးအမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ (၂၀၀၀)လုံးအား လူဦးရေ (၂၀၀၀)ဦးကို ယင်းမာပင်မြို့ အ-ထ-က ကျောင်းတွင် (၁) နေရာ၊ ရွှေတောင်ဦး ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် (၁)နေရာ၊ ဖိုလ်ဝင်တောင် ကျောင်း ဓမ္မာရုံတွင် (၁)နေရာ စုစုပေါင်း စုရပ် (၃)နေရာသတ်မှတ်၍ ထိုးနှံပေးခဲ့ရာ  ဩဂုတ်လ (၁၈၊၁၉၊၂၀၊၂၁၊၂၂) ရက်နေ့များတွင် (၂၀၀၀)ဦး၊ စုစုပေါင်း (၆၇၀၀)ဦးအား ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။ 

ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထပ်မံရောက်ရှိလာပါက ကျန်ရှိသော ပြည်သူများအား ဦးစားပေး အစီအစဉ်အလိုက် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉  ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်စေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေး တို့အတွက် မြို့အဝင်အထွက်များတွင် စစ်ဆေးရေးဂိတ်များထားရှိကာ အထူးကြပ်မတ် စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး  ရောဂါကူးစက်မှုလျော့နည်းစေရေး အသံချဲ့စက်များဖြင့် အသိပညာ ပေးခြင်းလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။     

စိုးမိုး

No comments:

Post a Comment