သုံးခွ ဩဂုတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် နေမိဘပြည်သူများနှင့်ပရဟိတ အသင်းဖွဲ့များ အား အောက်ဆီဂျင် လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရေး ရည်ရွယ်လျက် ယမန်နေ့ နံနက် မှစတင်ပြီး တစ်ရက်လျှင်၄၀ လီတာအိုး ၁၂၀လုံးထိထုတ်လုပ်ပေး သည့် အောက်ဆီဂျင်စက်စတင်လည်ပတ်၍ အောက်ဆီဂျင်များ ဖြန့်ဝေပေးလျက်ရှိ ကြောင်းသိရသည်။
အဆိုပါအောက်စီဂျင်စက်အား သုံးခွ-သန်လျင်ကားလမ်းမဘေး၊ သိုက်တူးကန်ကျေးရွာ(ရဲနွဲ့တာအနီး) ၄ဒသမ၉၄ဧကရှိ ဘိုးဘွားရိပ်သာ၀င်းအတွင်း၌ ထားရှိခြင်း ဖြစ်ပြီး သုံးခွမြို့နယ်အတွင်းရှိ ပြည်သူများအောက်ဆီဂျင် လိုအပ်ချက်မရှိစေရေး၊ အောက်ဆီဂျင်လိုအပ်လျက်ရှိသော အခြားမြို့များမှ အောက်ဆီဂျင်လိုအပ်သူများ အောက်ဆီဂျင်အလွယ်တကူ ရရှိစေရေးအတွက် အလှူရှင်များက အောက်ဆီဂျင်စက်နှင့် အောက်ဆီဂျင်စက်ထားရှိမည့်အဆောက်အဦးများကို စုပေါင်း၍ လှူဒါန်းခြင်း ဖြစ်သည်။ ယခုအခါ အဆိုပါ အောက်ဆီဂျင်စက်သည်ဩဂုတ်၂၁ရက်နေ့မှ စတင်၍ လည်ပတ်ခဲ့ရာ တနေ့လျင်အောက်ဆီဂျင် (၈၅)လုံးထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး သုံးခွမြို့နယ်အတွင်းရှိအောက်ဆီဂျင် လိုအပ်လျက်ရှိသော ပြည်သူများနှင့် အနီးမြို့ နယ်များသို့ပါ အောက်ဆီဂျင်(အခမဲ့)ဖြန့်ဖြူးပေးနိုင်သွား မည်ဖြစ်ကြောင်း သိရသည်။
သုံးခွမြို့နယ်တွင် ကျေးရွာအုပ်စု ၆၄အုပ်စုနှင့်ကျေးရွာပေါင်း ၇၄ ရွာ၊ရပ်ကွက် ၁၂ရပ်ကွက်ရှိကြောင်း သိရသည်။သုံးခွမြိုနယ်တွင် ယမန်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ပိုး လက္ခဏာရှိသူ (၁)ဦးအားRDTဖြင့် စစ်ဆေးရာ ရောဂါပိုးမတွေ့ရှိပဲ ပိုးတွေ့လူနာ (၂၅၈)ဦး၊ (Quarantine Centre) (၁၁) ရက်ပြည့်၍ဆေးရုံ ဆင်းခွင့်ရသူ (၁၉၀) ဦး၊ သေဆုံးလူနာ(၃၇)ဦးရှိ၍ ကျန်ပိုးတွေ့လူနာ(၃၁)ဦးမှာဆေးရုံနှင့် မိုးကုတ် ဝိပဿနာ (Covid Centre) တွင် ထားရှိကုသနေဆဲ ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)

No comments:
Post a Comment