Friday, August 6, 2021

နေပြည်တော်ကောင်စီအဖွဲ့ဝင်များ နေပြည်တော်တိုင်းစစ်ဌာနချုပ် စံပြဘက်စုံစိုက်ပျိုးမွေးမြူရေးခြံသို့ သွားရောက်လေ့လာ


 နေပြည်တော် ဩဂုတ် ၆

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက်  နေပြည်တော် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး မင်းနောင်၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ် စံပြဘက်စုံစိုက်ပျိုးမွေးမြူရေးခြံသို့ သွားရောက်လေ့လာကြသည်။

 



အဆိုပါ လေ့လာ‌ရေးအဖွဲ့ကို နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင်က စံပြဘက်စုံ စိုက်ပျိုးမွေးမြူရေးခြံအတွင်း ရာသီသီးနှံစိုက်ပျိုးထားရှိမှု၊ ဥစားကြက် မွေးမြူရေးခြံများနှင့် အအေးခန်း ဥစား ကြက်မွေးမြူရေးခြံများ၊ အသားတိုးကြက်မွေးမြူရေးခြံ၊ ဝက်မွေးမြူရေးခြံ၊ နို့စားနွားမွေးမြူရေးခြံနှင့် အသားတိုးနွား မွေးမြူရေးခြံများ၊ ငါးမွေးမြူရေးကန်များသို့ လိုက်လံပြသပြီး မွေးမြူထားရှိသည့် အခြေအနေ များကိုလည်းကောင်း၊ အစားအစာ ကျွေးမွေးမှု ကိုလည်းကောင်း၊ နွားနို့၊ အသားများနှင့် ကြက်ဥများ ထွက်ရှိမှုကိုလည်းကောင်း အသေးစိတ်ရှင်လင်းပြောကြားသည်။

ထွက်ရှိသော နွားနို့၊ အသားများနှင့် ကြက်ဥများကို တပ်ရင်း တပ်ဖွဲ့မိသားစုများ သာမက ပိုလျှံ၍ ပြည်သူများကိုလည်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment