Sunday, August 22, 2021

မြန်မာ-တရုတ် နှစ်နိုင်ငံ၊ နမ့်ဖာဟော်နယ်စပ်ဂိတ်မှတစ်ဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေး အထောက်အကူပစ္စည်းများ ထပ်မံဝင်ရောက်

 




ချင်းရွှေဟော်  ဩဂုတ် ၂၂

 

ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အတွက် ပြည်ပမှ တင်သွင်းသည့် ကျန်းမာ‌ရေးသုံးပစ္စည်းများအား အများပြည်သူ ရုံးပိတ်ရက်၌ နယ်စပ် ကုန်သွယ်ရေး စခန်းများတွင် လုပ်ငန်းတာဝန်များ ရပ်ဆိုင်းထားခြင်း မရှိဘဲ တာဝန်ရှိ ဌာန ဆိုင်ရာများ အနေဖြင့်  ရုံးချိန်အတွင်း သက်ဆိုင်ရာတာဝန်ရှိ ဌာနများမှ ထုတ်ပြန်ထားသည့် အသိပေး ကြေငြာချက် များနှင့်အညီ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိသည်။

 ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံ၊ နမ့်ဖာဟော်နယ်စပ်ဂိတ်မှတစ်ဆင့် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တရုတ်နိုင်ငံမှ ဝယ်ယူတင်သွင်းသည့် ကျန်းမာ ရေးအထောက်အကူပြု ပစ္စည်းများဝင်ရောက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က 15L Oxygen အိုးအလွတ်   (၁၁၀၀) လုံး၊ Oxygen Plant စက်(၃) လုံး၊  အရက်ပျံဗူးခွံ(၆၀၀) ဖာ၊ ခေါင်းစွပ်(၆၁၅)  ဖာ၊ MASK (၃၈၁၀) ဖာ၊ PPE ဝတ်စုံ (၅၁၄) ဖာ၊ Medical Regulator (၂၀၃) ဖာ၊ Oxygen MASK (၈၃) ဖာ၊ တင်ဆောင်လာသည့် မော်တော်ယာဉ်များ ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။

 A G 6706 FOTON  အမျိုးအစား အနီရောင်(၆)ဘီး မော်တော်ယာဉ် ()စီး၊ H 55 D 28 FOTON အမျိုးအစား အနီရောင် (၂၂)ဘီး မော်တော်ယာဉ်()စီး တင်ဆောင်လာသည့်      စုစုပေါင်း Oxygen Plant (၃)လုံး၊  AH 2187 FOTON  အမျိုးအစား အနီရောင် (၂၂)ဘီး မော်တော်ယာဉ်()စီး တင်ဆောင် လာသည့် MASK (၂၅၀၀)ခုပါ (၁၅၆၁)ဖာ၊  D 71071 FOTON  အမျိုးအစား အနီရောင် (၂၂)ဘီး မော်တော်ယာဉ်()စီး တင်ဆောင်လာသည့် MASK (၂၅၀၀)ခုပါ (၁၆၀)ဖာ၊ ခေါင်းစွပ်(၁၀၀၀၀၀)ခုပါ (၆၁၅)ဖာ၊ Regulator(၂၀) ခုပါ (၉၈)ဖာ၊ E 38621 FOTON  အမျိုးအစား အညိုရောင် (၂၂)ဘီး မော်တော်ယာဉ်()စီး တင်ဆောင်လာသည့် 15L အောက်ဆီဂျင်အိုး အလွတ်(၅၀၀)လုံး၊ Oxygen MASK (၁၅၀)ခုပါ (၈၃) ဖာ၊ Regulator (၂၀) ခုပါ (၇၅) ဖာ၊ PPE (၅၀)စုံပါ (၂၂) ဖာ၊ S 14689 FOTON  အမျိုးအစား အနီရောင် (၁၂)ဘီး မော်တော်ယာဉ်()စီး တင်ဆောင်လာသည့် MASK (၂၀၀၀)ခုပါ (၅၃၃)ဖာ တို့အား  ကွမ်းလုံမြို့နယ်၊ ရွှေကူဝကျေးရွာ ရွှေတြိဂံ ဂိုဒေါင်တွင် လည်းကောင်း၊ E 37188 FOTON အမျိုးအစား အနီရောင်(၁၂)ဘီး မော်တော်ယာဉ်()စီး တင်ဆောင်လာသည့် PPE (၁၀၀)စုံပါ (၂၈၀)ဖာအား ချင်းရွှေဟော်မြို့၊ ဝမ်ချွန်းလျှံ ဂိုဒေါင်တွင် လည်းကောင်း၊ D B 3751 FOTON အမျိုးအစား အနီရောင်(၂၂)ဘီး မော်တော်ယာဉ်()စီး တင်ဆောင်လာသည့် MASK (၂၅၀၀)ခုပါ (၁၅၃၈)ဖာ၊  ချင်းရွှေဟော်မြို့ နဂါးနီဂိုဒေါင်  တွင် လည်းကောင်း၊  F 73596 FOTON အမျိုးအစား အနီရောင် (၁၂)ဘီး မော်တော်ယာဉ်()စီးနှင့် C 5 M 853 FOTON အမျိုးအစား ရွှေရောင် (၂၂)ဘီး မော်တော်ယာဉ်()စီး တင်ဆောင်လာသည့် အရက်ပျံဗူးခွံ (၁၀၀၀)ခုပါ (၆၀၀) ဖာ၊ 15 L အောက်ဆီဂျင်အိုး အလွတ်(၆၀၀)လုံး MASK (၂၀၀၀)ခုပါ (၁၈) ဖာ PPE (၅၀)စုံပါ (၂၁၂) ဖာ၊ Regulator (၂၀) ခုပါ (၃၀) ဖာတို့အား ချင်းရွှေဟော်မြို့ အားလျန်ကွင်းတွင် လည်းကောင်း အထက်ပါ ယာဉ်များမှ တင်ဆောင်လာသည့် ကျန်းမာရေးသုံး ပစ္စည်းများအား ချိန်းပြောင်းတင်ဆောင်သွား မည်ဖြစ်ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ တာဝန်ရှိ ကုန်သွယ်ရေးစခန်း များနှင့် ချိတ်ဆက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

 စည်သူမောင်မောင်(ပြန်/ဆက်)

No comments:

Post a Comment