ကော့ကရိတ် သြဂုတ် ၇
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့မှ တစ်ဆင့် ဘုန်းပွင့်စံမော်တော် ယာဥ်လိုင်းဖြင့် ယနေ့ နေ့လည် ၁၂နာရီအချိန်က ကော့ကရိတ်မြို့သို့ ပြန်လည်ရောက်ရှိလာသည့် ရပ်ကွက် / ကျေးရွာ များရှိ နေရပ်ပြန်များအား မြို့နယ်ကိုဗစ် - ၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော် မတီဝင်များမှ ကော့ကရိတ်မြို့၊ အမှတ် (၃)ရပ်ကွက် မြို့မအားကစားကွင်းတွင် လက်ခံကြိုဆိုခဲ့ကြောင်း သိရသည်။
ထိုသို့
လက်ခံကြိုဆိုရာတွင် မြို့နယ်ကိုဗစ် - ၁၉ရောဂါ
ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက ကော့ကရိတ်မြို့သို့ ပြန်လည်ရောက်ရှိလာသည့်
နေရပ်ပြန် (၂၃)ဦးတို့အား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လိုက်နာရမည့်စည်းကမ်းချက်များနှင့်
ကျန်းမာရေး အသိပညာပေးခြင်း များဆောင်ရွက်ခဲ့သည်။ အဆိုပါ ကော့ကရိတ် မြို့နယ် ရပ်ကွက်
/ ကျေးရွာများရှိ နေရပ်ပြန် ကျား (၁၂)ဦး၊ မ (၁၁)ဦးတို့အား သက်ဆိုင်ရာ ရပ်ကွပ် / ကျေးရွာ
အုပ်ချုပ် ရေးမှူးများ၊ တာဝန်ခံများက လာရောက်ခေါ် ဆောင်သွားပြီး၊ သက်ဆိုင်ရာ ရပ်ကွက်
/ ကျေးရွာများရှိ Quarantine Centre များတွင်
(၁၄)ရက်ကြာ နေထိုင်သွားရ မည်ဖြစ်ကြောင်း သိ ရသည်။
စောအောင်မျိုးလွင်
(ပြန်/ဆက်)

No comments:
Post a Comment