Monday, August 23, 2021

သရက်ချောင်းမြို့တွင် အန္တရာယ်ကင်းပရိတ်တရားတော်နှင့် ကမ္မဝါစာ၊ မဟာသမယသုတ်တော်ရွတ် ဖတ်ပူဇော်ခြင်းမင်္ဂလာပြုလုပ်

 




 

သရက်ချောင်း   ဩဂုတ်  ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း  ကိုဗစ် - ၁၉ ရောဂါ နှင့်ဘေးအန္တရာယ်အပေါင်းတို့မှ  ကင်းဝေးစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ  ကြီးမှူးပြီး အန္တရာယ်ကင်းပရိတ်တရားတော်နှင့် ကမ္မဝါစာ၊ မဟာသမယသုတ်တော် ရွတ်ဖတ်ပူဇော်ခြင်း အခမ်းအနားကို ယနေ့ ညနေ ၃ နာရီခွဲ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ၊ ညောင်ဇင်ကျောင်းသစ်ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဓမ္မဇောတိကဓဇ ဦးကောသလ္လမှ ဦးစီးသောသံဃာတော်(၉)ပါး ကြွရောက် ချီးမြှင့်ပေး တော်မူပြီး ရှေးဦးစွာဆရာတော်သံဃာတော်များ နှင့်ဧည့်ပရိတ်သတ်တို့က နမောတဿ(၃)ကြိမ် ရွတ်ဆို၍ ငါးပါးသီလခံယူဆောက် တည်ခဲ့ကြသည်။

ဆက်လက်၍ သံဃာ​တော်အရှင်သူမြတ်များမှ  ရတနာသုတ်၊ မေတ္တာသုတ်၊ ဓာရဏပရိတ်၊ မဟာသမာ ယသုတ်၊ သမ္ဗုဒ္ဓေဂါထာ   (၅)မျိုး၊ ပဗ္ဗာဇနိယကမ္မဝါစာတရားတော်များ ရွတ်ဖတ်ချီးမြှင့်ခဲ့ကြသည်။   ထို့နောက် ဆရာတော်သံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့်  တာဝန် ရှိသူများက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ပရိတ်တရားတော်များရွတ်ဆိုပူဇော်ခြင်း၊  ကောင်းမှုကုသိုလ်များကို အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းသိရသည်။ 

 ကေခိုင်ဝင်း

No comments:

Post a Comment