နေပြည်တော်
ဩဂုတ် ၁၁
အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပင်လယ်ရေကြောင်းဆိပ်ကမ်းများနှင့်
နယ်စပ်ကုန်သွယ်ရေး စခန်းများမှတစ်ဆင့် ပြည်သူများ အရေးပေါ်လိုအပ်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများအား
တင်သွင်းမှုကို အများပြည်သူရုံးပိတ်ရက် များတွင်လည်း ရပ်ဆိုင်းထားခြင်းမရှိဘဲ
ပုံမှန်အတိုင်း လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ
Oxygen
Concentrator (၂၅၃၂)ခု၊ Test
Kit (၇၂၂၆) ခုနှင့် နှာခေါင်းစည်း (Mask)
(၁၁)တန်၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းမှ
Oxygen
Concentrator (၁၅)ခု အပါအဝင်
မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ၊ တာချီလိတ်၊ ထီးခီး ကုန်သွယ်ရေးစခန်းများမှ အောက်ဆီဂျင်အရည်(Bowser)
ယာဉ်(၂)စီးဖြင့် (၃၅)တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) (၇)တန်၊
အောက်ဆီဂျင် (အိုးခွံ)(၆၆၉၈)ခု၊ Oxygen Plant (၁)ခု၊ Oxygen Generator (၁)ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen
Concentrator)(၂၈၈၈)ခု၊ Test
Kit (၇၂၂၆) ခု၊ PPE
ဝတ်စုံ (၁၅၉၆၀) ၊ လက်အိတ်(၈)တန်နှင့်
နှာခေါင်းစည်း (Mask) (၄၉) တန်တင်သွင်းနိုင်ခဲ့သည်။ အထက်ပါပစ္စည်းများအား
ကုမ္ပဏီ(၂၄)ခုမှ ယာဉ်စီးရေ (၄၃)စီးဖြင့် တင်သွင်းလာခြင်း ဖြစ်သည်။
သြဂုတ်လအတွင်း ယာဉ်စီးရေ(၆၄၂)စီးဖြင့် အောက်ဆီဂျင်အရည် (Bowser)
ယာဉ်ဖြင့် (၅၈၉)တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) (၁၅၆)တန်၊
အောက်ဆီဂျင်ဓာတ်ငွေ့အိုးဖြင့် (၆၅)တန်၊ အောက်ဆီဂျင်(အိုးခွံ) (၇၇၈၀၄)ခု၊ Oxygen
Plant (၁၆)ခု၊ အောက်ဆီဂျင် (Generator)(၁၀)ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen
Concentrator) (၆၁၆၅၈)ခု၊ Test
Kit(၁၅၀၂၆၈)ခု၊ PPE
(၃၄၁၈၅၂)စုံ၊ လက်အိတ်(၅၈)တန်နှင့် နှာခေါင်းစည်း (Mask)
(၈၄၉) တန် တင်သွင်းခွင့်ပြုခဲ့ပြီး
ဖြစ်သည်။
ဇူလိုင်လအတွင်း ယာဉ်စီးရေ(၇၄၉)စီးဖြင့် အောက်ဆီဂျင်အရည် (Bowser)
ယာဉ်ဖြင့် (၇၂၇) တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) (၅၆၇)
တန်၊ အောက်ဆီဂျင်ဓါတ်ငွေ့ (အိုးဖြင့်) (၁၁၄) တန်၊ အောက်ဆီဂျင်(အိုးခွံ) (၄၀၄၉၁)ခု၊
အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၆၉၁၄၆)ခု၊ Oxygen Plant (၈) ခု၊ Oxygen Generator (၁၁) ခု၊ ဆေးရုံသုံး အောက်ဆီဂျင် ဖြည့်စက် (၄)ခု၊ Test
Kit (၃၂၂၈၇၈) ခု၊ နှာခေါင်းစည်း (Mask)
(၁၁၀၄)တန် ၊ PPE
ဝတ်စုံ (၁၈၂၉၇၅)
တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။
၂၀၂၁ ခုနှစ် ဇူလိုင်လမှ သြဂုတ်(၁၁)ရက်အထိ ပြည်ပမှတင်သွင်းလာသည့်
အောက်ဆီဂျင် အရည် (Bowser) ယာဉ် စုစုပေါင်း (၆၃) စီးမှာ ရန်ကုန်မြို့သို့ (၄၆) စီး ၊
မန္တလေးမြို့သို့ (၁၁)စီး ၊ ပဲခူးမြို့သို့ (၂)စီး ၊ မော်လမြိုင်မြို့ သို့ (၃)စီး
၊ သထုံမြို့ သို့ (၁)စီး ဖြစ်ပြီး Oxygen Plant စုစုပေါင်း (၂၄) ခုမှာ ရန်ကုန်မြို့သို့ (၄ ) ခု၊ လားရှိုး
(၄) ခု ၊ ပဲခူးမြို့သို့ (၄) ခု ၊ ပခုက္ကူ (၂) ခု ၊ မန္တလေးမြို့၊ တောင်ကြီး၊
သံဖြူဇရပ်၊ မကွေး၊ ဘားအံ၊ ထားဝယ်၊ ဝါးခယ်မ၊ မြစ်သား၊ ကျောက်ပန်းတောင်းမြို့၊
မော်လမြိုင်မြို့များသို့ (၁) ခုစီ ဖြစ်ကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်စေရေးအတွက်
သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျှက်ရှိသလို ဆေးဝါးနှင့်
ဆက်စပ်ပစ္စည်း တင်သွင်းခြင်းနှင့် ဆက်စပ်သည့်
အသိပေးကြေညာချက်များကိုလည်း ဝန်ကြီးဌာန Website ဖြစ်သည့် Commerce. gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထား ကြောင်းသိရသည်။
(သတင်းစဉ်)
No comments:
Post a Comment