မလှိုင် ဩဂုတ် ၂၆
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်ရုံးဝန်ထမ်းများ အား ဒုတိယ အကြိမ် စားနပ်ရိက္ခာပစ္စည်း(၇) မျိုး ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ ညနေ ၃နာရီ ခွဲ အချိန်က မလှိုင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးစိုးမင်းထက်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်သူကို ဗဟို ပြု၍ ကောင်းမွန်သောအုပ်ချုပ်ရေးယန္တရား
တည်ဆောက်ရေးဟူသောမျှော်မှန်းချက် ကို ထားရှိပြီးဖြစ်ရာ အဆိုပါမျှော် မှန်းချက်ကို အကောင်အထည်ဖေါ်
ဆောင်ရွက်နိုင်ရန် စံတန်ဘိုး(၆)ရပ်ကိုလည်းပြဋ္ဌာန်းထားရှိကြောင်း၊ အဆိုပါ စံတန်ဘိုးများကို
အလေးနက်ထား ဆောင်ရွက်နိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့်ကာလတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ဝန်ထမ်းများအနေဖြင့် ရုံးပိတ်ရက်ကာလဖြစ်သော်လည်း ရုံးလုပ်ငန်းများကို အင်တိုက်အားတိုက်
ဆောင်ရွက်နေသည့်အတွက် ဝန်ထမ်းနှင့်၎င်းတို့၏ မိသားစုများ၊ အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍
ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်
ရွက်ရာတွင်လည်း လုပ်ငန်းစဉ် တစ်ခုကိုပြီး မြောက်ရုံသာမက ကောင်းမွန်သော ရလဒ် ကောင်းရရှိသည်ထိ
ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊
ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး ဦးအောင်ကျော် လွင်၊ ဒုတိယ ဦးစီးမှူးများဖြစ်ကြသော ဦးဇင်ကိုလတ်၊
ဒေါ်သီတာအေးနှင့် ဒေါ်ယဉ်မင်းထက်တို့က ဝန်ထမ်းတစ်ဦးချင်းစီအား စားနပ် ရိက္ခာများကို
ထောက်ပံ့ပေးအပ်ခဲ့သည်။ အဆိုပါနေ့က ဝန်ထမ်း
တစ်ဦးလျှင် ပဲဆီသန့်(၁) ပိသာ ၊ ဆန်(၆) ပြီ ၊ကုလား ပဲဆန်(၁)ပိသာ ၊ ကြက်ဥ အလုံး(၅ဝ) ၊
ကြက်သွန်(၃) ပိသာ၊ ငါးခြောက်ကျော်(၁) ဗူး ၊ ပါးစပ်နှင့် နှာခေါင်းစီး (Mask) (၁) ဗူး
၊ စသည့် ငွေကျပ်သုံးသောင်းတန်ဘိုးရှိ ပစ္စည်းအမယ်(၇)မျိုး
ကို ဝန်ထမ်း(၃၄) ဦးတို့အား ထောက်ပံ့ ပေးအပ် ခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)

No comments:
Post a Comment