မြို့သစ် သြဂုတ် ၁၈
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ တောင်သူများစိုက်ပျိုးရေးတွင် အဓိကအားထား အသုံးပြုနေရသည့် ဆဒ္ဒန်ဆည်၊ စွန်ဆည်၊ ပုလင်းဆည်၊ ဘုတ်ချောင်းဆည်များအနက် ဆဒ္ဒန်ဆည် တမံသည် ဇူလိုင်လကုန်ပိုင်းမှစတင်၍ ဆည်၏အထက်ပိုင်း၌ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေပိုလွှဲမှရေကျော်ကျမှုများရှိခဲ့ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန က သိရသည်။
အဆိုပါ ဆဒ္ဒန်ဆည်တမံ၏ရေပြည့်အမှတ်သည် (၅၆၀ ဒသမ ၅၀)ပေဖြစ်ပြီး သြဂုတ်လ ၁ရက်မှ စတင်၍ ရေပိုလွှဲမှရေကျော်ကျခဲ့ရာ ယခုရက်ပိုင်းအတွင်း ပေ (၅၈၀) တစ်ပေခွဲခန့်အထိမြင့်တက် ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ရေပိုလွှဲမှရေကျော်ကျမှုသည် (သုည ဒသမ နှစ်ပေခန့်)သာရှိခဲ့ရာ ၁ ဒသမ ၃ပေခန့်)ရေကျော်ကျမှု လျော့နည်းကျဆင်းလာပြီဖြစ်ကြောင်း သိရှိရသည်။
ဆည်တမံ၏ရေထုတ်ပြွန်၊ရေပိုလွှဲနှင့် ဆက်စပ်အဆောက်အဦများ ကြံ့ခိုင်ကောင်းမွန်၍ (၂၄)နာရီ ရေကင်းတာဝန်ချထားကာလက်ရှိခြေအနေတွင် အရေးပေါ်အခြေအနေအဆင့် (၁)အဖြစ် အသိပေး နှိုးဆော်ထားပြီး ဆည်အောက်ပိုင်းရှိ ကျေးရွာနေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အချိန်နှင့်တစ်ပြေးညီ အရေးပေါ်အခြေအနေများ အသိပေးနှိုးဆော်သွားမည်ဖြစ်ကြောင်း မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံကသိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)


No comments:
Post a Comment