ဟားခါး သြဂုတ် ၅
ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်း မှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဟားခါးမြို့ရှိ ကြက်မွေးမြူရေးခြံများကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နယ်မြေခံတပ်ရင်းဖြစ်သည့်
ဟားခါးမြို့ အမှတ်(၂၆၆) ခြေလျင် တပ်ရင်းတွင် ဥစားကြက်ကောင်ရေ (၃၀၀) မွေးမြူထားရှိမှုအခြေအနေ၊
စစ်ဗျူဟာအဖွဲ့ အခြေချ (ဟားခါး) တွင် ဥစားကြက် ကောင်ရေ(၅၀၀)မွေးမြူထားရှိမှုအခြေအနေနှင့်
ဟားခါးထာရ် ရပ်ကွက်တွင် ဒေါ်ဆုန်ထလျာ၏ ဥစားကြက်ကောင်ရေ (၁၀၀၀)မွေးမြူထားရှိမှု အခြေအနေများကို
ကြည့်ရှုရာ မွေးမြူရေး တာဝန်ခံများက မွေးမြူသည့်ကြက်အမျိုးအစား၊ စတင်မွေးမြူသည့်ရက်၊
လက်ရှိသက်တမ်းကာလနှင့် ဥနှုန်း အခြေအနေ၊ ကျွေးမွေးသည့် အစာအမျိုးအစားများနှင့် ပတ်သက်၍
ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီး ချုပ်က ဒေသလိုအပ်ချက်များ ပိုမိုဖြည့်ဆည်း ပေးနိုင်ရေးအတွက်
ဥစားကြက်များအပြင် အသားထုတ်လုပ်မှု တိုးတက်လာရေးအတွက် အသားစား ကြက်များ၊ ဒေသတိုင်းရင်းကြက်များကိုပါ
တိုးချဲ့မွေးမြူနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ လိုက်ပါလာသည့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊
ပြည်နယ်ဦးစီးမှူး ဒေါက်တာကျော်သူက ကြက်မွေးမြူရေးဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များ
ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ခရိုင်( ပြန်/ဆက် )
No comments:
Post a Comment