Saturday, August 28, 2021

ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုကူညီရေးအဖွဲ့များမှ အသင်းသားများအတွက် ထောက်ပံ့ငွေ များပေးအပ်

 နေပြည်တော် ဩဂုတ် ၂၇

ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်း များ စားရေးအဆင်ပြေ စေရေး အတွက် တပ်မတော်နှင့် စေတနာရှင် အလှူရှင်များက စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများနှင့် ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကိုထောက်ပံ့လှူဒါန်း လျက်ရှိသည်။

ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့ မြို့နယ်ပြည်သူ့ ဆေးရုံ(ခုတင်-၅၀၀)ရှိ ကျန်းမာရေးဝန်ထမ်း များနှင့် လပွတ္တာမြို့ မြို့နယ်ပြည်သူ့ဆေးရုံရှိ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုကူညီရေးအဖွဲ့များမှ အသင်းသားများအတွက် ထောက်ပံ့ ငွေများ ကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက သွားရောက် လှူဒါန်း ကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment