မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေ မှတ်သည် ၂၁၀၅ စင်တီမီတာသို့ ရောက်ရှိနေပြီး ညောင်ဦးမြို့ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ ရောက်ရှိရန် ပေဝက်ခန့်သာ လိုတော့ခြင်းကြောင်း ညောင်ဦးမြို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မြစ်ရေကြီးမှု သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် ညောင်ဦးခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏
ယနေ့နံနက် ၆နာရီ တိုင်းတာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် ၂၁၀၂ စင်တီမီတာရှိနေကာ စိုးရိမ်ရေမှတ်
ရောက်ရှိရန် ၁၈စင်တီမီတာ လိုသေးကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပြီး
ယနေ့နေ့လည် ၁၂နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ် ရေသည် စိုးရိမ်ရေမှတ်ရောက်ရှိရန်
တဖြည်းဖြည်းနီးလာပြီး ၁၅စင်တီမီတာ (ပေဝက်ခန့်)သာ လိုတော့ခြင်းကြောင့် မြစ်ကမ်းဘေးနေ
မိဘပြည်သူများ ရေဘေးအသိသတိရှိစေရန် ညောင်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနတို့ ပူးပေါင်းကာ ဧရာဝတီမြစ်ရေကြီးမှု အခြေအနေ၊
မြစ်ရေကျမှုအခြေအနေများအား နေ့စဉ်သတင်းထုတ်ပြန်ပေးနေကြောင်း၊ ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာနနှင့်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ မြစ်ကမ်းဘေးနေ ပြည်သူများအား Speed
Boat နှင့် လှည့်လည်၍ မြစ်ရေကြီးမှု အခြေအနေအား Hand Speaker ဖြင့် လိုက်လံဆော်ဩနေကြောင်းလည်း
ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး
ဦးကျော်မင်းသူကပြောကြားသည်။ ညောင်ဦးမြို့နယ်တွင် မြစ်ရေတိုင်းတာခြင်းများအား တစ်နေ့သုံးကြိမ်တိုင်းတာပြီး
စိုးရိမ်ရေမှတ် ရောက်ရှိပါက တစ်နာရီတစ်ကြိမ် တိုင်းတာသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

No comments:
Post a Comment