ဘားအံ ဩဂုတ် ၂၈
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၄၀၅)သန်းဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ သီရိဈေးသစ် ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီခန့်က အဆိုပါဈေးသစ်တည်နေရာ၌ ကျင်းပသည်။
ဈေးသစ်ဖွင့်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့
ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဖွင့်အမှာစကား ပြောကြားပြီး သီရိဈေးသစ်ဆိုင်းဘုတ်နှင့် ကမ္ဗည်းမော်ကွန်းကျောက်စာတို့အား
စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးကာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးသိန်းကိုကို၊
အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ကမ္ဗည်းမော်ကွန်းကျောက်စာအား
အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။
ထို့နောက်
ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊
ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်၊
ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့
ညွှန်ကြားရေးမှူး ဦးသူရမြင့်သူတို့က သီရိဈေးသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး
ဈေးသစ်အား လှည့်လည်ကြည့်ရှု့ စစ်ဆေးကြသည်။
ဘားအံမြို့
သီရိဈေးသစ်သည် လူစည်ကားရာနေရာ အဓိကလမ်းမကြီးပေါ်တွင် တည်ရှိပြီး ယခင်က ယာယီအမိုး
ကွန်ကရစ်ခင်းဖြင့် ဈေးရောင်းနေကြရာမှ ခေတ်စနစ်နှင့်လျော်ညီမှု ရှိစေရေးအတွက် ( ၁ ဒသမ
၅၆၄ ) ဧက ကျယ်ဝန်းသည့် ယခုဈေးသစ်အား တင်ဒါစနစ်ဖြင့် ရန်ပုံငွေကျပ် (၄၀၅)သန်း အကုန်အကျခံ၍ ပြန်လည်တည်ဆောက်ပေးခြင်းဖြစ်ကြောင်း၊ ဈေးရုံ(၄)ရုံ၊
ဆိုင်ခန်းပေါင်း(၁၆၀)ခန်း၊ ခေတ်မီသန့်စင်ခန်း(၁၂)ခန်း၊ ရေဂါလန်(၅၀၀၀)ဆံ့မြေအောက်ရေလှောင်ကန်
တစ်ကန်၊ ရေဂါလံ (၂၀၀၀)ဆံ့ အပေါ်ရေကန်တစ်ကန်နှင့် ရေစင်တစ်ခု၊ ယာဉ်ရပ်နားရာနေရာတို့
ပါဝင်ပြီး တစ်ပိုင်တစ်နိုင် ရောင်းချသူများ အဆင်ပြေစေရန် ပျံကျဈေးနေရာ
ဆိုင်ခန်းပေါင်း(၂၀၀)ခန့်ကို ဆောင်ရွက် ပေးထားကြောင်း ပြည်နယ်
စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
ဆက်လက်၍
ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် မိဇံတိုက်ကျောင်းဆရာတော်
ဘဒ္ဒန္တစန္ဒာဝရအား သွားရောက်ဖူးမြော်ကြည်ညို၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊
သာသနာရေးဆိုင်ရာကိစ္စရပ်များအား လျှောက်ထားတင်ပြကာ ဘိလပ်မြေအိတ် (၁၀၀)၊
လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း
သတင်းရရှိသည်။
စောမျိုးမင်းသိန်း
No comments:
Post a Comment