မြစ်ကြီးနား သြဂုတ် ၂၃
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပူတာအိုခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ရာနှုန်း ပြည့်ဆောင်ရွက်နိုင်ရေးတို့အတွက် သြဂုတ် ၂၂ ရက်တွင် ပူတာအိုသို့ လေကြောင်းခရီးစဉ်ဖြင့် သွားရောက်ပြီး မွန်းလွဲပိုင်းတွင် ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများနှင့် တွေ့ဆုံပွဲ ကျင်းပသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည်
ပြည်နယ်လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊
ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် အတူ ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ခရိုင်၊
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊
တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဖွဲ့များ၊ အရပ်ဖက် လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံပြီး
ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်း ချုပ်ကုသရေးလုပ်ငန်းများကို ခရိုင်အလိုက်
တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ပူတာအိုခရိုင်အနေဖြင့် ပြည်နယ်အတွင်း ဖြစ်ပွားမှုနှင့်
သေဆုံးမှု ရာခိုင်နှုန်း အနည်းဆုံးဖြစ်ပါ ကြောင်း၊ထို့ကြောင့် ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊
စေတနာ့ဝန်ထမ်းများ၏ ပူးပေါင်းချိတ်ဆက်မှုကို အရှိန်အဟုန်မပြတ် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန်
လိုကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ထိန်း ချုပ်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နေသကဲ့သို့
ဒေသတွင်း စားနပ်ရိက္ခာပြတ်လပ်မရှိစေရေးအတွက် ရေတို အောင်မြင်ဖြစ်ထွန်း၍ အကျိုး ရှိနိုင်သည့်
စိုက်ပျိူးရေးနှင့် မွေးမြူရေးလုပ်ငန်း များကို အလေးထား ဦးစားပေးလုပ်ဆောင် သွားကြရန်လိုကြောင်း
တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးများက သက်ဆိုင်ရာဝန်ကြီးဌာနအလိုက်
တာဝန်ယူဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းတာဝန်များနှင့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာကိစ္စရပ်များနှင့်
စာပေ ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့်
ပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက ပူတာအိုဒေသတွင်း
စိုက်ပျိူး အောင်မြင်ဖြစ်ထွန်းနိုင်သည့် သီးနှံများအပြင် ဒေသနှင့် ကိုက်ညီသည့် စိုက်ပျိုးမွေးမြူရေး
လုပ်ငန်းများကို ရေတို အောင်မြင်ဖြစ်ထွန်းနိုင်ရေး နည်းစနစ်ကျ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ
နှင့်ပတ်သက်၍လည်းကောင်း အသီးသီးရှင်းလင်းပြောကြားကြသည်။
ယင်းနောက် ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်
အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးချစ်က ခရိုင်အတွင်း
ကိုဗစ်-၁၉ ဖြစ်ပွားမှုအခြေအနေ၊ Quarantine Centre များ ဆောင်ရွက်ထားရှိမှု၊ အောက်စီဂျင်လုံလောက်မှု
အခြေအနေများ၊ လူမှုရေး အသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊
ကာကွယ်ဆေး ထိုးနှံပေး နိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပူတာအိုခရိုင်အတွင်းရှိ
လူမှုကူညီရေးအသင်းများ၊ စေတနာ့ဝန်ထမ်းများ၊ ရဝမ်၊ လီဆူ၊ ရှမ်းနှင့် ဂျိန်းဖော တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊
ဘာသာရေးအဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများက ခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးကာလအတွင်း
ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည့် အခြေနေများနှင့် လိုအပ်ချက်များ၊ အခက်အခဲများကို
အသီးသီးတင်ပြကြသည်။
ထို့နောက်
ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ခရိုင်၊ မြို့နယ်ဌာန ဆိုင်ရာများအတွက်
ငွေကျပ် ၂၆ သိန်း၊ ကိုဗစ်-၁၉ ကာကွယ်ကုသရေးသုံးပစ္စည်းများဖြစ်သည့် Oxygen
Concentrator ၁၇ လုံး၊ နှာခေါင်းစည်း Mask (2)မျိုးအတွက် ၃၁၈၀၀ ခု၊ မျက်နှာကာ
(Face Shield) ၂၀၀ ခု၊ PPE ဝတ်စုံ ၂၀၀၀ ၊ လက်အိတ်အစုံ ၃၆၀၀ ၊ Hand Gel ဗူး ၃၀၀ ၊ လီတာ
၄၀ ဆံ့ အောက်ဆီဂျင်အိုး ၁၀ လုံး၊ ကိုဗစ်-၁၉အတည်ပြုလူနာများအတွက် ဆန်အိတ်၃၀ အိတ်နှင့်
ပူတာအို မြို့ပေါ် ပန်းလှိုင်၊ ပူတောင်းအုပ်စု၊ မန်စေအုပ်စု၊ မာမူးလဲအုပ်စုနှင့် မူလာရှီးဒီရပ်ကွက်တို့အတွက်
စံနမူနာပြအဖြစ် အိမ်ခြံဝင်းဟင်းသီးဟင်းရွက် စိုက်ခင်းဖြစ်ထွန်း အောင်မြင်စေရေး ဟင်းသီးဟင်း
ရွက်မျိုးစေ့များနှင့် ငွေကျပ် ၁ သိန်းစီဖြင့် စုစုပေါင်းငွေကျပ် ၅ သိန်းနှင့် တိုင်းရင်းရိုးရာယဉ်ကျေးမှု
အဖွဲ့ (၄)ဖွဲ့၊ ဘာသာရေးအဖွဲ့အစည်း (၁၄)ဖွဲ့နှင့် လူမှုရေး အသင်းအဖွဲ့ (၄)ဖွဲ့တို့အတွက်
ငွေကျပ် ၂ သိန်းစီဖြင့် စုစုပေါင်းငွေကျပ် ၄၄ သိန်းတို့ ထောက်ပံ့ ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က
တင်ပြ ဆွေးနွေးချက်များအပေါ် ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူများသည် မြို့မရပ်ကွက်ရှိ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်းရှိ
ခါကာဘိုရာဇီဒေသ ဇီဝမျိုးစုံမျိုးကွဲ သုတေသနစခန်းအတွင်း သုတေသနပြုလေ့လာတွေ့ရှိထားရှိမှုအခြေအနေများနှင့်
ဇီဝမျိုးစုံ ပြတိုက်အတွင်း လေ့လာတွေ့ရှိချက်များနှင့် သုတေသနပြုတွေ့ရှိချက်များကို
ခင်းကျင်းပြသ ထားရှိမှုတို့နှင့် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး၏ တင်ပြချက်များအပေါ်
လုပ်ငန်းလိုအပ်ချက်များနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ကြပြီး
ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံမြို့မိမြို့ဖများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး
ဧည့်သည်တော် မှတ်တမ်း၌ လက်မှတ်ရေးထိုးခဲ့သည်။
No comments:
Post a Comment