နေပြည်တော် ဩဂုတ် ၉
အများပြည်သူ အလုပ်ပိတ်ရက်အတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်နှင့်အညီ လိုက်နာ နေထိုင်ခြင်းဖြင့် ကိုဗစ်ကပ်ရောဂါကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်နိုင်ရန် တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်များကို ဇူလိုင်(၁၇)ရက်မှစ၍ ဩဂုတ် (၁၅)ရက်အထိ တိုးမြှင့် သတ်မှတ်ပေးခဲ့ရာ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် အဆိုပါရက်ရှည် ရုံးပိတ်ရက်ကာလများ အတွင်း ပင်လယ်ပြင် ငါးဖမ်းဆီးခြင်းလုပ်ငန်းနှင့် ပြည်ပသို့ ရေထွက်ကုန် ပစ္စည်း တင်ပို့မှု လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက် လုပ်ငန်း လည်ပတ်ဆောင်ရွက် နိုင်ရေးအတွက် ရုံးလုပ်ငန်း ကိစ္စရပ်များကို ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပေး လျက်ရှိသည်။
ရုံးပိတ်ရက်ကာလအတွင်း ပင်လယ်ရေကြောင်းဖြင့်တင်ပို့သည့် ကွန်တိန်နာ (၁၂၅) လုံး၊ မက်ထရစ်တန်(၂၉၀၄ ဒသမ ၅၃၀)၊ အမေရိကန်ဒေါ်လာ (၆ ဒသမ ၄၆၆)သန်း၊ လေကြောင်းမှ မက်ထရစ် တန်(၁၀၄၂ ဒသမ ၄၀၆)၊ အမေရိကန်ဒေါ်လာ(၅ ဒသမ ၀၅၆)သန်း မြဝတီ၊ ကော့သောင်နှင့် ထီးခီးနယ်စပ် ထွက်ပေါက်များမှ မက်ထရစ်တန်(၃၅၇၆ ဒသမ ၃၄၈)၊ အမေရိကန် ဒေါ်လာ (၄ ဒသမ ၁၀၃)သန်းတန်ဖိုးရှိ ရေထွက်ကုန်ပစ္စည်းများ ပြည်ပတင်ပို့နိုင်ရေး အတွက် ဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုကြောင့် ရေလုပ် ငန်းရှင်များ ဖြစ်ပေါ်ခဲ့သော အခက်အခဲများအား ကုစားနိုင်ရေး၊ ရေလုပ်ငန်းကဏ္ဍ ပြန်လည် ဦးမော့ လာစေရေး၊ ပြည်ပ ပို့ကုန်တိုးမြှင့် တင်ပို့ နိုင်ရေး၊ နိုင်ငံတော်အတွက် နိုင်ငံခြား ဝင်ငွေရရှိရေး၊ ပြည်တွင်း ငါးရိက္ခာဖူလုံရေး၊ ရေလုပ်သားများ၏ အလုပ်အကိုင်လူမှုစီးပွား ဘဝလည်ပတ် နိုင်ရေးအတွက် ငါးမဖမ်းရရာသီပိတ် မေ၊ ဇွန်၊ ဇူလိုင်(၃)လအနက် ဇူလိုင်လတွင် ကမ်းဝေးငါးဖမ်း ရေယာဉ်(၅၀ ရာခိုင်နှုန်း)ကို ငါးဖမ်းဆီးခွင့်ပြုခဲ့ရာ ကမ်းဝေးငါးဖမ်း ရေယာဉ် (၈၉၉)စီးကို ဇူလိုင် လ(၁၃) ရက်နေ့မှစပြီး ငါးဖမ်း လုပ်ငန်းထွက်ခွာနိုင်ရေးအတွက် ဆောင်ရွက် ပေး လျက်ရှိသည်။ ဩဂုတ် ၁ ရက်မှ ၆ရက် ကာလတွင် ပင်လယ်ကမ်းဝေး ငါးဖမ်း ရေယာဉ် စီးရေ (၅၇၃)စီးကို ငါးဖမ်းကွက်များသို့ ထွက်ခွာငါးဖမ်းလုပ်ငန်း လုပ်ကိုင် ဆောင်ရွက်ခဲ့ရာ စုစုပေါင်း ငါးဖမ်းရေယာဉ်စီးရေ (၁၄၇၂)စီး ပင်လယ်ပြင်မှာ ငါးဖမ်းလုပ်ငန်း များ ဆောင်ရွက် နေကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment