ရန်ကုန် သြဂုတ် ၅
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှစိုး ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့ညနေပိုင်းတွင် ရန်ကုန် တိုင်းစစ်ဌာနချုပ် စိုက်ပျိုးမွေးမြူရေး စခန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဝန်ကြီးချုပ် တိုင်းမှူးနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် အင်းစိန်မြို့နယ်ရှိ အမှတ်(၁)စိုက်ပျိုး/ မွေးမြူရေးစခန်းသို့ သွားရောက်၍ အဆိုပါစိုက်ပျိုး/မွေးမြူရေးစခန်း၌ နိုဗိုဂျင်ဘရောင်းအမျိုးအစား ဥစား ကြက် တစ်ခြံလျှင် အကောင်ရေ ၁၀၀၀၀ )နှုန်းဖြင့် ခြံ( ၂ )ခြံတွင် ဥစားကြက် အကောင်ရေ(၂၁၀၀၀) မွေးမြူ ထားရှိပြီး တစ်နေ့လျှင် ကြက်ဥ(၁၈၀၀၀)လုံး ခန့်ထွက်ရှိမှုကိုလည်းကောင်း ငါးမွေးမြူရေကန် (၆)၌ ငါးတန်၊ ငါးမုတ်ငါးမြစ် ချင်းမြက်စား ငါးကြင်း၊ ငါးခေါင်းပွ စသည့်ငါးအကောင်ရေစုစုပေါင်း (၂၃၅၀၀)မွေးမြူထားရှိ မှုကိုလည်းကောင်း Cooling Pad စနစ်ဖြင့် Hydro poalc မြေလွှာနည်းပညာသုံး စိုက်ပျိုးရေးခြံများဆောင် ရွက် ထားရှိမှု၊ Green House ၈ လုံးဖြင့်စိုက်ပျိုး ရေးဆောင်ရွက်ထားရှိမှုတို့ကိုလည်ကောင်း ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်တိုင်းမှူးနှင့် တာဝန် ရှိသူများသည် မင်္ဂလာဒုံမြို့နယ်အမှတ်(၃) စိုက်ပျိုး/ မွေးမြူရေးစခန်းသို့ သွားရောက်၍ အဆိုပါ စိုက်ပျိုး/မွေးမြူရေးစခန်း၌ နိုဗိုဂျင်ဘရောင်း အမျိုးအစား ဥစား ကြက် အကောင်ရေ( ၁၀၀၀၀ ) မွေးမြူထားရှိပြီး တစ်နေ့လျှင် ကြက်ဥ(၈၅၀၀) လုံးခန့် ထွက်ရှိမှုကို လည်း ကောင်းငါးမွေးမြူရေကန် ( ၁၂)၌ ငါးတန်၊ငါးမုတ်၊ငါးမြစ်ချင်း၊ မြက်စားငါးကြင်း၊ ငါးခေါင်းပွ စသည့် ငါးအ ကောင်ရေစုစုပေါင်း(၁၁၀၀၀၀) မွေးမြူထားရှိမှုကို လည်းကောင်း၊ DYLဝက်အမျိုးအစား ခြံ(၃)ခြံ၌ ဝက် အကောင်ရေ( ၁၂ဝ )မွေးမြူထားရှိမှုကိုလည်း ကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီးပြည်သူများအသား ၊ ငါး နှင့်ကြက် ဥပေါ်များစွာစားသုံးနိုင်ရန်အတွက် စဉ်ဆက်မပြတ် စိုက်ပျိုး/ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး တာ ဝန်ရှိသူမျာ အားမှာကြားသည်။
နေ့စဉ်လူနေမှုဘဝတွင် စားရေးသည် အဓိကကျသောကြောင့် တပ်မတော်အနေဖြင့် စိုက်ပျိုး/ မွေးမြူရေး လုပ် ငန်းများအား စနစ်တကျအောင်မြင်အောင်အကောင် အထည်ဖော်ဆောင်ရွက်၍ တာဝန်ထမ်းဆောင်လျက် ရှိသော ထပ်မတော်သားများအတွက် ရိက္ခာစိုပေးသွင်းခြင်း ၊မိသားစု ဝင်များ သက်သာချောင်ချိရေးအတွက် ရောင်းချပေးတို့အပြင် ဒေသအတွင်းကုန်ဈေးနှုန်းတည် ငြိမ်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင် စေ ရန်ရည်ရွယ်၍ ထွက်ရှိလာသော အသား၊ ငါး ၊ ဟင်းသီးဟင်းရွက်ဥနှင့် နို့များကို ပြည်သူများသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးစဉ် ဆက်မပြတ်ရောင်းချပေး လျက်ရှိကြောင်း သိရှိရသည်။
ဆန်းကျော်ဦး
No comments:
Post a Comment