နေပြည်တော်
ဇူလိုင်၂၉
အကြမ်းဖက်အဖွဲ့ အစည်းများဖြစ်သည့် CRPH ၊ NUGနှင့် PDF အဖွဲ့များအနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်၍ လူငယ်များအား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထံတွင် အကြမ်းဖက်သင်တန်းများ တက်ရောက်စေပြီး အများပြည်သူ လူထုသွားလာလှုပ်ရှားလျက်ရှိသည့်နေရာများကို မိုင်းထောင်တိုက်ခိုက်ခြင်း၊ ကလေးသူငယ်များ၏ ပညာရေးကိုထိခိုက်စေရန် စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်တိုက်ခိုက်ခြင်းနှင့် ဆရာ၊ ဆရာမများအား နှောက်ယှက်တိုက်ခိုက်ခြင်းများကို လူသားချင်းစာနာထောက် ထားမှုမရှိဘဲ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိသဖြင့်
လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၉
ရက် ညနေ ၄ နာရီခွဲခန့်တွင် လှိုင်းဘွဲ့မြို့နယ်၊ မဲပတံတား၌ လုံခြုံရေးဆောင်ရွက်နေသည့်
တပ်ဖွဲ့ဝင်များက ရှမ်းရွာသစ်မြို့ဘက်မှ လှိုင်းဘွဲ့မြို့ဘက်သို့ ဇော်လင်းညွန့်(ဘ)ဦးစိန်ညွန့်
မောင်းနှင်လာသည့် PRADO အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ KNLA လက်နက်ကိုင်အဖွဲ့
နယ်မြေတွင် အကြမ်းဖက်သင်တန်းတက်ရောက် ၍ ပြန်လာသည့် စောကျော်ကြီး (ဘ) ဦးထွန်းဝေ၊ ဟင်္သာတမြို့၊
ဧရာဝတီတိုင်းဒေသကြီးနေသူ အပါအဝင် အမျိုးသား ၇ ဦး၊ အမျိုးသမီး ၂ ဦးတို့အား Free
Burma Rangers အဖွဲ့ဝင်များနှင့် ရိုက်ကူးထားသည့် မှတ်တမ်းဓာတ်ပုံများအပါအဝင် ဆက်စပ်ပစ္စည်းများနှင့်အတူ
ဖမ်းဆီးရမိ ခဲ့သည်။
အဆိုပါဖမ်းဆီးရမိသူများအား
ဘားအံမြို့မရဲစခန်း၌ လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက် လျက်ရှိပြီး တရားဥပဒေနှင့်အညီ
အမှုဖွင့်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများအား
အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာမှု သတင်းများရရှိပါက
သက်ဆိုင်ရာသို့ လျှို့ဝက်စွာ သတင်းပေးပို့ တိုင်ကြားနိုင်ပါကြောင်းနှင့် မြို့၊ ရွာများအမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက်
ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံ အသိပေးထားကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment