ဘားအံ ဇူလိုင် ၃၁
ကရင်ပြည်နယ်အတွင်း အသက် ၆၅ နှစ်နှင့်အထက်ရှိသူများ၊ ရဟန်း၊ သံဃာ၊ သီလရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား ဦးစားပေး အုပ်စုအလိုက် သတ်မှတ်စု ရပ်များတွင် ကိုဗစ်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ယမန်နေ့နံနက်ပိုင်းမှစ၍ ထိုးနှံပေးလျက်ရှိရာ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု့အားပေးခဲ့ကြသည်။
ကရင်ပြည်နယ်တစ်ခုလုံးအနေဖြင့် ကိုဗစ်-၁၉
ရောဂါကာကွယ်ဆေးသစ် ငါးသောင်းငါးထောင်ကို ရရှိထိုးနှံ ပေးသွားမည်ဖြစ်ပြီး ဘားအံမြို့နယ်အနေဖြင့်
ပထမအသုတ် လူဦးရေ ၄၀၀၀ ကျော်အား အထက(၃)၊ အထက(၁)၊ ဇွဲကပင်ခန်းမ၊ ထုံးအိုင်၊ အိန္ဒုနှင့်
မာလာဖူးအကျဉ်းစခန်းတို့တွင် ကာကွယ်ဆေး ထိုး စုရပ်များအဖြစ် သတ်မှတ်၍ ရက်သတ္တပတ် ၂ ပတ်အတွင်း
အပြီးထိုးနှံပေးသွားမည်ဖြစ်သည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးမှုအား ကရင်ပြည်နယ်
စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်နှင့် အဖွဲ့ဝင်များက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌
ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအား သီးခြားကာကွယ်ဆေး ထိုးနှံပေးနေမှု၊ အမှတ်(၄)ရပ်ကွက်
ဇွဲကပင်ခန်းမ၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးအဘိုးအဘွားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား
ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများအား ကြည့်ရှု့အားပေးခဲ့ပြီး သက်ကြီးဘိုးဘွားများအား
ကြက်ဥနှင့်အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ကိုဗစ်-၁၉
ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ သို့ အလှူရှင်များမှ အလှူငွေပေးအပ်ခြင်းနှင့်
လူမှုကူညီရေးအသင်းများသို့ ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပြန်လည်ထောက်ပံ့ပေးအပ်သည့်
အခမ်းအနားကို ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး
အစည်းအဝေး ခန်းမ(၂)၌ ကျင်းပသည်။
ရှေးဦးစွာ ကရင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ
ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊
ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ပါဝင်လှူဒါန်းပေးကြသော စေတနာရှင်အလှူရှင်များနှင့်
ရေဘေး ကယ်ဆယ်ရေးအတွက် ဖိုင်ဘာလှေများလှူဒါန်းပေးပသော ကရင်ပြည်နယ်စက်မှုကြီးကြပ်မှ တာဝန်ရှိသူများကို
ကျေးဇူးတင်ရှိပါကြောင်း၊ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ တာဝန်ယူ နေသည့် ကာလတွင်
ကိုဗစ်ရောဂါ တတိယလှိုင်းဖြစ်ပေါ်ခဲ့ပြီး စတင်ဖြစ်ပွားသည့်အချိန်မှ ယနေ့ထိ ပိုးတွေ့လူနာ
၄၀၀၀ ကျော် သေဆုံးသူ ၂၀၀ ကျော်ရှိပြီဖြစ်ကြောင်း၊ လိုအပ်သည့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင်
ပူးပေါင်းဆောင်ရွက်ပေးသည့် အဖွဲ့အစည်းအားလုံးကို ကျေးဇူးတင် ပါကြောင်း၊ ထိုသို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့်အတွက်
ရောဂါပိုးတွေ့ရှိမှုများပြားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကရင်ပြည်နယ် ပါဝင်မှုမရှိခဲ့ကြောင်း၊
အသွားအလာ ကန့်သတ်မှုများကို ဆက်လက်ဆောင်ရွက်နိုင်ပါက ရောဂါကူးစက်ဖြစ်ပွားမှု ပိုမိုလျော့နည်း
ကျဆင်း သွားမည် ဖြစ်ကြောင်း၊ ရောဂါဖြစ်မှကုသသည်ထက် ကြိုတင်ကာကွယ်သည်က ပိုမိုထိရောက်
ကောင်းမွန်ပါကြောင်း၊ ပြည်နယ်အတွင်း ကုသရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက် ပေးနိုင်ရေး
စီစဉ်ထားပါကြောင်း၊ ကိုဗစ်-၁၉ တုံ့ပြန်ရေးနှင့် ရေဘေး(သဘာဝဘေး)တို့တွင် ကူညီဆောင်ရွက်ပေး နေသည့်
လူမှုကူညီရေးအသင်းများနှင့် အလှူရှင်များအားလုံးကို ကျေးဇူးတင်ပါကြောင်း ပြောကြား သည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁)ဗိုလ်မှူးကြီးမျိုးမင်းနောင်နှင့်မိသားစု၊
ကရင် ပြည်နယ် ရဲတပ်ဖွဲ့၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကိုနှင့်မိသားစု၊
ကရင်ပြည်နယ် ဥပဒေချုပ်ရုံး၊ အကျဉ်းဦးစီးဌာန၊
မီးသတ်ဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ဖွံဖြိုးမှုကြီးကြပ်ရေးရုံး၊ သပြေသုခကုမ္ပဏီ၊ လယ်ယာမြေ စီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာန၊
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၊ လမ်းဦးစီးဌာန၊ အကောက်အခွန်ဦးစီးဌာန၊
ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဆိုင်ရာပြည်နယ်
ဦးစီးမှူးရုံး၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်) တို့က အလှူငွေများပေးအပ်လှူဒါန်းရာ
ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ကရင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့
ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များမှ စုစုပေါင်းငွေကျပ် ၃၇၅၃၉၀၀၀၀
(သုံးထောင်ခုနှစ်ရာ ငါးဆယ်သုံးသိန်းကိုးသောင်း) လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက
ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့် ရေဘေးအန္တရာယ်ကူညီကယ်ဆယ်ရေး
လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကူညီပေးလျက်ရှိသော မြန်မာနိုင်ငံ လူမှုကူညီရေးအသင်း၊
မာဃလူမှုကူညီရေးအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံအရန်မီးသတ်တပ်ဖွဲ့
တို့အား ထောက်ပံ့ငွေ ၆၉၀၀၀၀၀ ( ခြောက်ဆယ်ကိုးသိန်း ) နှင့်ငွေကျပ် ၆၇၀၄၀၀၀(ခြောက်ဆယ်ခုနှစ်သိန်းလေးထောင်)
တန်ဖိုးရှိ Mask ၊ လက်အိတ်၊ PPE ၊ Oxygen
Monitor အစရှိသည့်ကိုဗစ်ကာကွယ်ကုသရေးဆိုင်ရာပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများကိုယ်စား
ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ စေတနာရှင် အလှူရှင်များကိုယ်စား သပြေသုခကုမ္ပဏီနှင့်
လူမှုကူညီရေးအသင်းများကိုယ်စား ကိုယ်စားလှယ်တစ်ဦးတို့က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း
သတင်းရရှိသည်။

No comments:
Post a Comment