Sunday, May 23, 2021

ဆေးကုသရန်အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ပြည်သူ့ဆေးရုံနှင့်တိုက်နယ် ဆေးရုံများသို့ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများက သွားရောက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

 နေပြည်တော် မေ  ၂၂

ပြည်သူလူထု၏ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုး အကြောရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ နား၊နှာခေါင်း၊ လည်ချောင်း ရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး နိုင်ရန်အတွက် အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ဒေသအသီးသီးမှ ဝန်ထမ်းများနှင့် ဒေသခံများ၏ တောင်းဆိုမှုအရ တပ်မတော်မှ ဆေးကုသရေးအဖွဲ့များ စေလွှတ်၍ ဆေးကုသရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆေးကုသရေးအဖွဲ့များကို စေလွှတ်ကုသလျက်ရှိရာ မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာခရိုင်ရှိ သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ်ဆေးရုံ၊ ယင်းမာပင် တိုက်နယ်ဆေးရုံ၊ ညောင်ရမ်းတိုက်နယ်ဆေးရုံ၊ ဝမ်းတွင်းမြို့နယ်ရှိ ပင်းတလဲတိုက်နယ် ဆေးရုံ၊ သပိတ်ကျင်းမြို့နယ်ရှိ တကောင်းတိုက်နယ်ဆေးရုံ၊ မတ္တရာမြို့နယ်ပြည်သူ့ ဆေးရုံ၊ ကျောက်ဆည်ခရိုင်ရှိ စဉ့်ကိုင်ပြည်သူ့ဆေးရုံ၊ မြစ်သားမြို့ပြည်သူ့ဆေးရုံ၊ ကူမဲ တိုက်နယ်ဆေးရုံ၊ တောင်သာမြို့နယ်၊ဝဲလောင်တိုက်နယ်ဆေးရုံနှင့် ကျောက်ပန်းတောင်း မြို့နယ်ပြည်သူ့ဆေးရုံနှင့် ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံတို့ရှိ လူနာများအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေး ခြင်းများနှင့် ခွဲစိတ်ကုသရန်လိုအပ်သော လူနာများအား ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ကျန်းမာရေးစောင့် ရှောက်မှုအပေါ် ဒေသခံပြည်သူများအနေဖြင့် အထူးပင်ကျေးဇူးတင်ဝမ်းမြောက် လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

1 comment: