Wednesday, April 7, 2021

ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံသံအမတ်ကြီး Mr. Zahairi Baharim နှင့် အဖွဲ့ကို လက်ခံတွေ့ဆုံ

 


နေပြည်တော်  ဧပြီ  

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် မြန်မာနိုင်ငံ ဆိုင်ရာ မလေးရှားနိုင်ငံသံအမတ်ကြီး  Mr. Zahairi Baharim နှင့် အဖွဲ့ကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မလေးရှားနိုင်ငံ Petronas Carigali Myanmar Limited. (PCML) မှ Operator အဖြစ် ဆောင်ရွက်နေသည့် ရဲတံခွန်ကမ်းလွန်စီမံကိန်းတွင် Acid Gas Removal Unit (AGRU) တပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်မှုများ၊ Rooftop Solar စီမံကိန်းအတွက် Capacity Development ဆောင်ရွက်မှု၊ ကုမ္ပဏီတွင် မြန်မာဝန်ထမ်းများ ပိုမိုခန့်ထားနိုင်ရေးနှင့် လေ့ကျင့်သင်ကြားပေးရေး၊ ဝန်ထမ်းများကို မလေးရှား နိုင်ငံတက္ကသိုလ်များတွင် ဘွဲ့လွန်နှင့် သင်တန်းများ ပို့ချပေးရေး ကုမ္ပဏီအစီအစဉ်ဖြင့် ဆောင်ရွက်ပေးနေသည့် စွမ်းဆောင်ရည်မြှင့် တင်ရေး (Capacity Development) သင်တန်းများဆိုင်ရာ အစီအစဉ်များ၊ မြန်မာ-မလေးရှား နှစ်နိုင်ငံအကြား လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍတွင် ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ် များနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်၊ အမြဲတမ်း အတွင်းဝန် ဦးသန်းဇော်နှင့်ဌာနဆိုင်ရာအကြီးအကဲများမလေးရှားနိုင်ငံသံရုံးမှ ကိုယ်စားလှယ် များနှင့် Petronas Carigali Myanmar Limited. (PCML) မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြကြောင်း  သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment