ရန်ကုန် ဧပြီ ၅
ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ကို ဆက်သွယ်တည်ဆောက် ထားသည့် ဘုရင့်နောင် တံတား အမှတ် (၁)နှင့် အမှတ် (၂) တို့သည် ယခုအခါ လမ်းပိတ် အတားအဆီးများ မရှိတော့ သဖြင့် ကုန်စည်စီးဆင်းမှုနှင့် ခရီးသည်တင်ယာဉ်များ ပုံမှန်အတိုင်း စီးဆင်းလျက် ရှိကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့ကို ဆက်သွယ်ထားသော ဘုရင့်နောင်တံတား အမှတ်(၁)၊ အမှတ်(၂)၊ အောင်ဇေယျတံတားနှင့် ရွှေပြည်သာတံတားတို့သည် ယခုအခါ ပုံမှန်ဖြတ်သန်းသွားလာ နိုင်ပြီဖြစ်၍ ဧရာဝတီတိုင်းဒေသကြီး မြစ်ဝကျွန်းပေါ်ရှိ ထွက်ကုန်များကို ရန်ကုန်တိုင်းဒေသကြီး အတွင်းသို့ အချိန်နှင့် တစ်ပြေးညီ ပို့ဆောင်ပေးလျက်ရှိသည်။
ယနေ့အချိန်တွင် အေးချမ်းစွာနေထိုင်လိုသော ပြည်သူများအတွက် လမ်းပန်း၊ ဆက်သွယ်မှု မြန်ဆန်စေရေးနှင့် ကုန်စည်စီးဆင်းမှု အဆင်ပြေစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စည်ပင်သာယာရေး ဝန်ထမ်းများ ပူးပေါင်း၍ လမ်းပိတ်အတားအဆီးများကို ရှင်းလင်းဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ ယနေ့ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းကြောင့် မိုးအဆက် မပြတ် ရွာသွန်းနေမှုကို အန်တုကာ ဘုရင့်နောင် တံတားအမှတ်(၁)နှင့် အမှတ်(၂) တို့အပေါ်တွင် ကုန်တင် ယာဉ်များ၊ ခရီးသည်တင်ယာဉ်များနှင့် ကိုယ်ပိုင်ယာဉ်များသည် အန္တရာယ်ကင်းရှင်းစွာ ဖြတ်သန်းသွားလာနေမှုကို ဧပြီ ၅ ရက်က မြင်တွေ့ရသည်။
စောလှိုင်ဝင်း
No comments:
Post a Comment