Tuesday, April 6, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်ဒေသ စီမံအုပ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများအား တွေ့ဆုံအမှာစကားပြောကြား


နေပြည်တော် ဧပြီ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး သဘင်ဆောင်၌  ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသစီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌများအား တွေ့ဆုံအမှာစကား ပြောကြားသည်။

 



တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ မန်းငြိမ်း မောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊  ဒေါ်အေးနုစိန်၊ Jeng Phang နော် တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊  ဦးရွှေကြိမ်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးသန်းကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ပြည်ထောင်စုဝန်ကြီးများ၊  ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလူ့အခွင့် အရေးကော်မရှင်ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ အကြံပေး အဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံအား အရေးပေါ် အခြေအနေကြေညာ၍ နိုင်ငံတော်၏တာဝန်ကို ရယူခဲ့ရမှု၊ လက်ရှိဆောင်ရွက်နေမှုအခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် အခြေအနေတို့နှင့် စပ်လျဉ်း၍ ပြောကြားလိုကြောင်း၊ နိုင်ငံတော်၏ တာဝန်ကိုရယူခဲ့ရမှုနှင့်စပ်လျဉ်း၍ ပြောကြားရာတွင် ၂၀၂ဝခုနှစ် အထွေထွေရွေးကောက်ပွဲ၌ ဖြစ်ပေါ်ခဲ့သော မဲမသာမှုဖြစ်စဉ် ဖြစ်ပွားခဲ့မှုကြောင့် အခြေခံ၍ နိုင်ငံတော်ဝန်ကိုရယူခဲ့ရခြင်းဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် အထွေထွေ ရွေးကောက်ပွဲများ ကျင်းပခဲ့ကြောင်း၊  ၂၀၁၀ ပြည့်နှစ်တွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိခဲ့ကြောင်း၊ အဆိုပါရွေးကောက်ပွဲသည် မိမိတို့နိုင်ငံအတွက် ပထမဆုံး အတွေ့အကြုံဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် အဓိကအတိုက်အခံ ပါတီကြီးများ မရှိသည့်အတွက် အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအချိန်တွင် NLD ပါတီ အနေဖြင့် အတိုက်အခံပါတီအနေဖြင့် ရပ်တည်ခဲ့သော်လည်း သပိတ်မှောက်၍ ဝင်ရောက် ယှဉ်ပြိုင်ခြင်းမရှိခဲ့ကြောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် အနိုင်ရခဲ့သည့် ပါတီအနေဖြင့် အစိုးရဖွဲ့ ပြီး နောက်ပိုင်း ဒီမိုကရေစီစနစ်တွင် ပါတီစုံပါဝင်နိုင်ရေးအတွက် နိုင်ငံရေးပါတီများမှတ်ပုံ တင်ခြင်းဥပဒေ ပုဒ်မ ()ကိုပြင်ဆင်ပေးခဲ့ပြီး ပုဒ်မ ၁၀ ()ကို ပယ်ဖျက်ပေးခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရခဲ့သည့်အတွက် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်တော်က ကော်မတီတစ်ခု၏ ဥက္ကဋ္ဌအဖြစ် တာဝန်ကိုပေးအပ်နေရာပေးခဲ့ကြောင်း။

ထိုစဉ်က နိုင်ငံတော်သမ္မတဖြစ်သည့် ဦးသိန်းစိန်အနေဖြင့်လည်း တတ်နိုင်သမျှ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် နိုင်ငံတကာဆက်ဆံရေးကဏ္ဍများကို ကြိုးစား လုပ်ဆောင်ခဲ့ကြောင်း၊ သို့သော်လည်း ရင်ဆိုင်ရသည့် ပြဿနာများ ကြီးမားပါကြောင်း၊ လုံခြုံရေးအပိုင်းတွင် ရခိုင်ပြည်နယ်အရေးကိစ္စ၊ ရှမ်းပြည်(မြောက်ပိုင်း) လောက်ကိုင် အရေးကိစ္စ၊ ကချင်ပြည်နယ်တွင် လိုင်ဇာအရေးကိစ္စများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ရွေးကောက်ပွဲ ရလဒ်ဖြင့် ပေါ်ပေါက်လာသည့် အစိုးရအပေါ် ပြည်သူလူထုအနေဖြင့် အားမလိုအားမရဖြစ် ခဲ့သည်ကို တွေ့ရကြောင်း၊ သို့ဖြစ်၍ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီသည် ပြောင်းလဲချိန် တန်ပြီဆိုသည့် ကြွေးကြော်သံဖြင့် စည်းရုံးဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ကြောင်း၊ ပြည်သူလူထုအနေဖြင့် NLD ပါတီအပေါ် မျှော်လင့်ခဲ့သော်လည်း ဘာသာရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ အလွဲအမှားများကြောင့် ဗုဒ္ဓဘာသာနှင့်ပတ်သက်ပြီး မိမိတို့နိုင်ငံတွင် ၈၀ ရခိုင်နှုန်းကျော်ရှိသည့် ဗုဒ္ဓဘာသာဝင်များ စိတ်နှလုံးမအေးချမ်းမှုများဖြစ်ခဲ့ရကြောင်း၊ သို့သော်လည်း မိမိတို့တပ်မတော် အနေဖြင့် ရွေးကောက်ပွဲရလဒ်ဖြင့် ဖြစ်ပေါ်လာသည့် အစိုးရနှင့် ပူးပေါင်းဆောင်ရွက် ခဲ့ကြောင်း၊ ရွေးကောက်ပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီခေါင်းဆောင် များက အာဏာလွှဲပြောင်းရေး ကိစ္စနှင့်ပတ်သက်၍ မိမိနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် မိမိအနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် အညီသာ ဆောင် ရွက်ရန်ပြောကြားခဲ့ကြောင်း။

သို့သော်လည်း လွှတ်တော်ကျင်းပသည့်အခါ နိုင်ငံတော်အတိုင်ပင်ခံဥပဒေကို ပြဋ္ဌာန်းခဲ့ကြောင်း၊ ယင်းဥပဒေကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၁၇ ပေးထားချက်အပေါ် အခြေခံပြီး နိုင်ငံတော်အတိုင်ပင်ခံဥပဒေကို ဆောင်ရွက်ခဲ့သည်ကို တွေ့ရကြောင်း၊ ယင်းဥပဒေကို ပြဋ္ဌာန်းခြင်း မပြုရန် အကြံပြုပြောကြားခဲ့ကြောင်း၊ သို့သော်လည်း မိမိတို့ နေဖြင့်  ဒီမိုကရေစီစနစ်အရ အများဆန္ဒကိုလိုက်လျောခဲ့ကြောင်း၊ နိုင်ငံတော် အတိုင်ပင်ခံ ဥပဒေပြဋ္ဌာန်းပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ခန့်အပ်၍ နိုင်ငံတော်အဆင့် ဝါစဉ် ထုတ်ပြန်သည့်အခါ  နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတတို့ အကြားတွင် အဆင့်ထားရှိ ထုတ်ပြန်ခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည် အချင်းသတ်မှတ်ချက်များ ရှိပြီးဖြစ်ကြောင်း၊ ယင်းမှာ ဥပဒေကို ကျော်လွန်၍ လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း။ NLD ပါတီ အစိုးရတာဝန်ယူပြီး နှစ်၊ နှစ်ကြာသည့် အခါ ပြည်သူလူထုက အားမလို အားမရဖြစ်လာသည်ကို တွေ့ရကြောင်း၊ ဒီမိုကရေစီစနစ် တွင် ငြိမ်းချမ်းရေးရရှိရန် အရေးကြီးကြောင်း၊ သမ္မတ ဦးသိန်းစိန် အစိုးရအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းများကို ၂၀၁၁ ခုနှစ် ဩဂုတ်တွင် စတင်ဖိတ်ခေါ် ဆောင်ရွက်ခဲ့ရာ လေးနှစ်အကြာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် NCA ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း။

NLD အစိုးရသည် ငြိမ်းချမ်းရေးဆောင်ရွက်ရန်  ဆောင်ရွက်ခဲ့ကြောင်း၊  မိမိတို့ နိုင်ငံ၌ လက်နက်ကိုင် တိုင်းရင်းသား တစ်ဖွဲ့ချင်းစီ၏ ဆောင်ရွက်မှု၊ သမိုင်းကြောင်း၊ အယူအဆများ မတူညီသည်ကို တွေ့ရကြောင်း၊ ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် စိတ်ရှည်သည်းခံပြီး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ NLD ပါတီအစိုးရ တာဝန်ယူခဲ့သည့် ကာလတွင် ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း အချို့ကို လက်မှတ်ရေးထိုး နိုင်ခဲ့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖော်ဆောင်မှုနှင့်ပတ်သက်၍ စိတ်ပျက်မှုများဖြစ်ပေါ်ခဲ့သည့်အတွက် ငြိမ်းချမ်းရေးတွင် ထင်သလောက် အောင်မြင်မှုမရှိခဲ့ကြောင်း။

မိမိအနေဖြင့် ငြိမ်းချမ်းရေးသည် အရေးကြီးသော်လည်း စီးပွားရေးကဏ္ဍတိုးတက် ကောင်းမွန်ပါက ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် ပိုမိုလျင်မြန်မှုရှိလာနိုင်မည်ဖြစ်သဖြင့် စီးပွားရေးကို ဦးစားပေး ဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့ကြောင်း၊ NLD အစိုးရ လက်ထက်တွင် နိုင်ငံတကာ အကူအညီ အထောက်အပံ့များစွာ ရရှိခဲ့ကြောင်း၊ သို့သော် လည်း ဘဏ္ဍာနှစ်အလိုက် ပြည်ထောင်စုဘဏ္ဍာငွေနှင့် ကုန်သွယ်မှု လိုငွေများ နှစ်စဉ်ဖြစ်ပေါ်ခဲ့ကြောင်း၊ သို့ဖြစ်၍ ၂၀၁၈ ခုနှစ်တွင် ပြည်သူလူထုအနေဖြင့် No Vote  လှုပ်ရှားမှုများကို ဆောင်ရွက်လာသည်ကိုတွေ့ရကြောင်း၊ ဥပမာအနေဖြင့် ၂၀၁၉ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ၏ ၁၄ ရာခိုင်နှုန်းသာ မဲပေးခဲ့သည်ကို တွေ့ရကြောင်း၊ အချို့မြို့နယ်များတွင် ရာခိုင်နှုန်းခန့်သာ မဲပေးခဲ့သည်များရှိကြောင်း၊ ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အရေးကြီးပါကြောင်း၊  ထို့ကြောင့် မိမိအနေဖြင့် တပ်မိသားစုများနှင့် တွေ့ဆုံသည့်အခါတိုင်း မဲပေးရန် တိုက်တွန်းပြောကြားခဲ့ကြောင်း၊ သတင်းထုတ်ပြန်၍ No Vote မလုပ်ရန် ပြည်သူ လူထုအားလည်း အသိပေးခဲ့ကြောင်း။

နိုင်ငံရေးတွင် စစ်မှန်ရိုးသားသည့် နိုင်ငံရေး၊ တရားမျှတမှုရှိသည် နိုင်ငံရေးကိုသာ ဆောင်ရွက်ရန် ၂၀၁၈ ခုနှစ် တတိယအကြိမ် NCA နှစ်ပတ်လည် အထူးအစည်းအဝေးတွင် စတင်ပြောကြားခဲ့ကြောင်း၊ နောင်ကျင်းပသည့် အစည်းအဝေးများ၊ တွေ့ဆုံပွဲများ၌လည်း လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ရိုးသားသည့် နိုင်ငံရေး ဖြစ်စေရေး၊ နိုင်ငံရေးလက်စားချေမှုမျိုး မဆောင်ရွက်စေရေး ပြောကြားခဲ့ကြောင်း၊ ၂၀၂၀ ခုနှစ် တွင် COVID -19 ရောဂါဖြစ်ပွားခဲ့ကြောင်း၊ COVID -19 ရောဂါ ကြောင့် မဲဆွယ် စည်းရုံးရေးလုပ်ငန်းများဆောင်ရွက်ရန် စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ခဲ့မှုပေါ် မိမိတို့ အနေဖြင့် နားလည်ကြောင်း၊ သို့သော်လည်း အာဏာရပါတီ၏ စည်းမျဉ်းစည်း ကမ်းချိုးဖောက်ပြီး မဲဆွယ်စည်းရုံးရေးဆောင်ရွက်မှုကို သက်ဆိုင်ရာအဖွဲ့ အစည်းများက မျက်နှာသာပေး ဆောင်ရွက်ခဲ့ပြီး အခြားနိုင်ငံရေးပါတီများကို ကန့်သတ် မှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းအချိန်တွင် အဓိကယှဉ်ပြိုင်ကြမည့်  NLD ပါတီ၊ USDP ပါတီ နှင့် UDP ပါတီတို့အနက် ကိုယ်စားလှယ် ၁၁၂၉ ဦး ဝင်ရောက်ယှဉ်ပြိုင်မည့် UDP ပါတီကို စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး ဥပဒေနှင့်မညီသည့်အတွက် ဖျက်သိမ်းခဲ့ကြောင်း၊ တပ်မတော်နေဖြင့် ရွေးကောက်ပွဲတွင် ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် လုံခြုံရေးကိစ္စများကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ NLD ပါတီသည် ရွေးကောက်ပွဲအနိုင်ရရှိရေးအတွက် မဲမသမာမှုများ ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ မြို့နယ် ၃၁၅ မြို့နယ်တွင် မဲမသမာမှုဟုယူဆရသည့် အရေအတွက် ၁၀ သန်းကျော်ကို စစ်ဆေးတွေ့ ရှိရကြောင်း၊ မဲစာရင်း ဖောင်းပွအောင်လုပ်မှုသည် ဆိုးရွားသည့် လုပ်ရပ်ဖြစ်ပြီး ရိုးရိုးသားသားဖြင့် လုပ်ဆောင်လျှင် မဲနိုင်မည်ဖြစ်သော်လည်း ရိုးရိုးဖြေပါက အောင်မြင်မည့်စာမေးပွဲကို မတန်တဆ အမှတ်လိုချင်သဖြင့် မသမာသည့်နည်းဖြင့် လုပ်ဆောင်သည်နှင့် တူနေပါကြောင်း။

 ယင်းကိစ္စကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရှင်းလင်းပေးရန် ပြောကြားခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးမှုမရှိခဲ့ကြောင်း၊ တပ်တွင်းမဲရုံများ ပြင်ပ၌ ထားရှိရန်ကိစ္စကိုလည်း မိမိအနေဖြင့် ချက်ချင်းသဘောတူခဲ့ကြောင်း၊ သို့သော်လည်း တပ်မဲရုံများ ပါဝင်သည့် မြို့နယ်၏  မဲစာရင်းအား ကြည့်ရှုရန် တောင်းခံသည့်အခါ မပေးခဲ့ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အသစ် ဖွဲ့စည်းပြီးနောက် ယနေ့အထိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုမှ မြို့နယ် ၉၈ မြို့နယ်တွင် မဲစာရင်းများ စစ်ဆေးဆောင်ရွက်ခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်မဲစာရင်းနှင့် လဝကမဲစာရင်း သန်းလောက်ကွာခြား နေသည်ကိုတွေ့ရကြောင်း၊ နိုင်ငံသားစိစစ် ရေးကတ်မရှိဘဲ မဲပေးထားသူ သန်း ကျော် ရှိပြီး ၉၈ မြို့နယ်အတွင်း မဲလက်မှတ်များ ရေတွက်ကြည့် ချိန်တွင် ထုတ်ယူမှု ၁၄ သန်း ကျော်ရှိသော်လည်း အသုံးပြုမှု သန်းကျော်ရှိကြောင်း၊ မဲလက်မှတ် သောင်းကျော် ပျောက်ဆုံး နေသည်ကိုတွေ့ရကြောင်း၊ တပ်မတော်မှ တွေ့ရှိခဲ့သည့် မဲမသမာမှုနှင့် စပ်လျဉ်း၍ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကိုခေါ်ယူ၍ ဖြေရှင်းပေးရန် စာပို့ခဲ့သော်လည်း ဥပဒေအရ ဆောင်ရွက်၍မရဟု အကြောင်းပြခဲ့ကြောင်း၊ အဓိကမှာ လွှတ်တော် ကျင်းပမှုကိုရက်ရွှေ့ပေးရန် တတိယအဖွဲ့ အစည်းတစ်ခု အပါအဝင် စစ်ဆေးရေးအဖွဲ့ဖြင့် မဲစာရင်းစစ်ဆေးရန် တောင်းဆိုခဲ့သော် လည်း လက်မခံခဲ့ပါကြောင်း၊  သို့ဖြစ်၍ ယာယီသမ္မတ၏ တာဝန်ပေးချက်အရ အရေးပေါ် အခြေအနေ ကြေညာပြီး နိုင်ငံတော်တာဝန်ကို ယူခဲ့ခြင်းသာဖြစ်ကြောင်း၊ အာဏာသိမ်းခြင်းမဟုတ်ကြောင်း၊ ခေတ္တတာဝန်ယူထိန်းသိမ်းခြင်းဖြစ်သည့် အတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီနှင့် အစိုးရအဖွဲ့တွင်လည်း အရပ်သားများဖြင့် သာအများဆုံးဖွဲ့ စည်းထားကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း အလားတူဖြစ်ကြောင်း၊ ခရိုင် အုပ်ချုပ်ရေး၊ မြို့နယ်အုပ်ချုပ်ရေးများ တွင်လည်း အလားတူ တာဝန်ခွဲဝေပေးထား ခြင်းဖြစ်ကြောင်း၊ အစိုးရတစ်ရပ်ဆိုသည်မှာ နိုင်ငံတော်ကို ကောင်းမွန်အောင်နှင့် အာမခံချက်ပေး နိုင်အောင် လုပ်ဆောင်ရန် တာဝန်ရှိကြောင်း။

ဖေဖော်ဝါရီ ရက်ကစပြီး ဆန္ဒပြဖော်ထုတ်မှုများရှိခဲ့ကြောင်း၊ နောက်ပိုင်းတွင် ဆူပူမှု၊ အကြမ်းဖက်မှု၊ တိုက်ခိုက်မှု၊ လူသတ်မှု၊ လုယက်ဖျက်ဆီးမှု၊ မီးရှို့မှုများ လုပ်ဆောင်လာကြောင်း၊ သို့ဖြစ်၍ မိမိတို့အနေဖြင့် ဒီမိုကရေစီနည်းလမ်းအရသာ ဖြေရှင်း ဆောင်ရွက်ခဲ့ကြောင်း၊ ကျည်အစစ်ဖြင့် ပစ်ခတ်မှုမျိုးဆောင်ရွက်ခြင်းမပြုဘဲ ရာဘာကျည်ဖြင့်သာ ခြောက်လှန့်ပစ်ခတ်ခဲ့ကြောင်း၊  ဆူပူမှုအကြမ်းဖက်မှုဖြစ်စဉ်တွင် လုံခြုံရေး တာဝန်ထမ်းဆောင်သည့် ရဲတပ်ဖွဲ့ဝင် ၁၆ ဦးသေဆုံးပြီး ၂၆၀ ကျော် ထိခိုက်ဒဏ်ရာရ ရှိခဲ့ကြောင်း၊ ၎င်းတို့သည် တိုင်းပြည်တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ထမ်း ဆောင် ရင်းသေဆုံး၊ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင်ဆူပူဆန္ဒပြသူ ၂၄၈ ဦးသေဆုံးခဲ့သည့် အတွက် သေမှုသေခင်းဖွင့်လှစ်ထားကြောင်း။

ဆန္ဒပြသူများထံမှ ပစ္စတိုသေနတ်၊ ပွိုင့်တူးတူး၊ လေသေနတ်၊ လက်ပစ်ဗုံး၊ လက်လုပ်ဗုံး၊ အခြားလက်နက်ပစ္စည်းတွေကို သုံးလာကြောင်း၊ ယင်းကို မီဒီယာများက အဖြစ်မှန်ကို မဖော်ပြဘဲ  ရိုးရိုးသားသားဆန္ဒပြမှုအဖြစ် ပုံဖေါ်နေကြောင်း၊ ပြည်တွင်း မီဒီယာများကို ထိန်းသိမ်းနိုင်သော်လည်း အွန်လိုင်းနှင့် နိုင်ငံတကာသတင်းများကို မထိန်းသိမ်းနိုင်ကြောင်း၊ CDM လှုပ်ရှားမှုသည် နိုင်ငံဖျက်သည့် လှုပ်ရှားမှုဖြစ်ကြောင်း၊ CDM လှုပ်ရှားမှုကို Country Destroyer Movement ဟု ပြောလို ကြောင်း၊ အိမ်နီးချင်း နိုင်ငံများနှင့် နိုင်ငံတကာတွင်လည်း ဆန္ဒပြမှုများရှိသော်လည်း စီးပွားရေး လုပ်ငန်းများ ပျက်စီးအောင်မလုပ်ဆောင်ကြကြောင်း၊ သို့သော်လည်း မိမိတို့နိုင်ငံ၌  ဆေးရုံ၊ ကျောင်း၊ လမ်း၊ ရုံးဌာနများ စက်ရုံ အလုပ်ရုံများ လည်ပတ်၍မရအောင် CDM ဆောက်ရွက်မှုသည် တိုင်းပြည်ပျက်စီးအောင် ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူလူထုအား အရေးပေါ် ဆေးကုသပေးလျက်ရှိကြောင်း၊ တပ်မတော် ဆေးရုံများ တွင် လာရောက်ကုသသူ ၁၁၀၀၀၀ ကျော်ရှိပြီး အတွင်းလူနာ ၃၅၀၀၀ ကျော်ရှိကြောင်း၊ လက်ရှိတွင် ၄၀၀၀ ကျော် ကုသပေး လျက်ရှိပြီး မွေးလူနာ ၆၉၀၀ ကျော်ကိုလည်း အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း။

 ပညာရေးဝန်ကြီးဌာနအနေဖြင့် စာသင်ကျောင်းများ အမြန်ပြန်လည်ဖွင့်လှစ်နိုင် ရေးကိုလည်း ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းများ ပြန်လည်မဖွင့် လှစ်နိုင်ပါ က တိုင်းပြည်အတွက် များစွာနစ်နာပါကြောင်း၊ ဒီမိုကရေစီအစိုးရ သက်တမ်း နှစ်ဆက် တွင် ဝန်ထမ်းများကြား  NGO INGO များက စည်းကမ်းမဲ့ ဒီမိုကရေစီပုံစံ များဖြစ်အောင် ရိုက်သွင်းခဲ့ကြောင်း၊ ဆူပူအကြမ်းဖက်သူများ အနေဖြင့် ထမိန်များတွင် ဘုန်းတော်ကြီးပုံ များ ချိတ်ဆွဲဆောင်ရွက်မှုများသည် သာသနာတော်အပေါ် စော်ကားခြင်း ဖြစ်ကြောင်း၊ ဆေးရုံများ ပိတ်ထားသည့်အတွက် ပြည်သူများ ဒုက္ခရောက်ရကြောင်း၊ ယင်းကို တပ်မတော်အနေဖြင့် တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၁၅ ခုနှစ် နာဂဒေသသို့ သမ္မတဦးသိန်းစိန်နှင့် ရောက်ရှိခဲ့စဉ်က နာဂဒေသ၌ ဆရာဝန်များ လိုအပ် ချက်များရှိကြောင်း၊ တပ်မတော်အနေဖြင့် ဆရာဝန်အရာရှိ ၄၄ ယောက်လွှတ် စေလွှတ်ပေးခဲ့ကြောင်း သိရသဖြင့် ပညာရေး နှင့်ပတ်သက်ပြီး  တန်းစဉ်ကူးပြောင်းမှုများ ကိုကြည့်သည့်အခါ ၁၉၉၇ ခုနှစ်တွင် ၁၅၉၂၁၁၉ ဦး ကျောင်းနေခဲ့သော်လည်း တန်းတက်သည့် အချိန်တွင် ၃၄  ဒသမ ၇၁ ရာခိုင်နှုန်းသာ တက်ရောက်နိုင်ခဲ့ကြောင်း၊ ၆၅ ရာခိုင်နှုန်မှာ  တန်းတွင်သာရပ်သွားပြီး ဆယ်တန်းရောက် အချိန်တွင် ၁၇ရာခိုင်နှုန်းကျော် သာ ကျန်ရှိတော့ပါကြောင်း။

ပညာရေးစနစ်၌ တန်းစဉ်ကူးပြောင်းမှု၊ အတန်းပညာတတ်မြောက်မှု များစွာနည်း ပါးသည် ကိုတွေ့ရကြောင်း၊ အခြေခံပညာအထက်တန်း စာမေးပွဲ အောင်မြင်မှုမှာလည်း ရာခိုင်နှုန်း များစွာနည်းပါကြောင်း၊ အခြေခံပညာ အထက်တန်းစာမေးပွဲ အောင်မြင်မှု နည်းပါးရခြင်းမှာ ယခင်နဝမတန်း သင်ခန်းစာများကို တတ်မြောက်ခဲ့မှု နည်းပါးခဲ့၍ဖြစ်နိုင် ကြောင်း၊ ထို့ကြောင့်စဉ် ဆက်မပြတ် လေ့လာအကဲဖြတ်၍ အတန်းတင်ပေးသည့် စနစ်အပေါ် ပြန်လည် ဆန်းစစ်ရန် လိုအပ်နိုင်ကြောင်း၊  သို့ဖြစ်၍ ပညာရေးနှင့် ပတ်သက်ပြီး အမှန်တကယ်စာတတ်အောင် ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ ထို့အတွက် ပညာရေး၊ ကျန်းမာရေးနှင့် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍ မြှင့်တင်ပေးနိုင်ရန် ဆရာ ဆရာများကို အရည်အချင်းနှင့်အညီ ခံစားခွင့်များရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဆရာဝန်များ လည်းအလားတူဖြစ်ပါကြောင်း၊  ဝန်ထမ်းများကိုလည်း သင့်လျော်သည့် ခံစားခွင့်ရအောင် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း။

ဘဏ္ဍာငွေသုံးစွဲမှုများကိုလည်း အတတ်နိုင်ဆုံး ချွေတာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူလူထု အတွက် အရေးကြီးသည့် ကျန်းမာရေး၊ ပညာရေးနှင့် လုံခြုံရေး ကဏ္ဍများတွင် လုံလောက်သောငွေကြေး သုံးစွဲနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

မိမိတို့တာဝန်ယူချိန်တွင် ရှေ့တွင်တာဝန်ယူခဲ့သည့် ဒီမိုကရေစီအစိုးရ နှစ်ရပ် ဆောင်ရွက်ခဲ့သည်ကို သင်ခန်းစာယူရပြီးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊  မဲအောင်နိုင်မှုအတွက် ငွေကြေးထောက်ပံ့မှုများ ဆောင်ရွက်ခဲ့သည်ကို တွေ့ရကြောင်း၊ လုပ်ငန်းရှင်များကလည်း အာဏာရှိသည့်သူများကို ချဉ်းကပ်ရာတွင် အဂတိနှင့် ညိစွန်းနေသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများအနေဖြင့် ကိုယ့်ကို ကိုယ်အလို မလိုက်စေချင်ကြောင်း၊ ဥပဒေနှင့်အညီသာ ဆောင်ရွက်စေလိုကြောင်း၊  ရောင့်ရဲ တင်းတိမ်စိတ်နှင့် ဆောင်ရွက်ရန်လိုကြောင်း။

တစ်နိုင်ငံလုံး လူမှုစီးပွားဘ၀ မြင့်တက်လာစေရေးအတွက် ဆင်းရဲချမ်းသာ ကွာဟမှုလျှော့ချရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်မှုညီမျှအောင် ဆောင်ရွက်ရန်၊ မြို့ပြနှင့် ကျေးလက် ကွာဟမှုလျှော့ချရန်လို အပ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် အခြေခံကျသည့် အဓိကလိုအပ်ချက် ချက်ရှိကြောင်း၊ ၎င်းတို့မှာ လျှပ်စစ်ဓာတ်အားရရှိရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ ဆက်သွယ် စနစ် ရေးကောင်းမွန်စေရေးနှင့် လူသားအရင်းအမြစ်များ တိုးတက်ကောင်းမွန်စေရေး တို့ဖြစ်ကြောင်း၊ ၎င်းလုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်သွားရန် လိုအပ်ကြောင်း၊ ပိတ်ထားသည့် ဆေးရုံများနှင့် စက်ရုံ၊ အလုပ်ရုံများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ဆောင်သွားရန် လိုအပ်ကြောင်း၊ စီးပွားရေးကောင်းမွန်မှသာ နိုင်ငံတကာနယ်ပယ်တွင်လည်း  ဝင်ဆန့်မည်ဖြစ်သည့်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်ပြီး  စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေကြရ သူများဖြစ်သဖြင့် ၎င်းလုပ်ငန်းများကို တိုးတက်အောင် အားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း။

မြေပေါ်မြေအောက် သဘာ၀ သယံဇာတများ ထုတ်ယူရောင်းချမှုကို ထိန်းသိမ်း သွားရမည်ဖြစ်ကြောင်း၊ သစ်တောများ စိမ်းလန်းစိုပြည်စေရေးအတွက် တစ်ပင်စိုက် တစ်ပင်ရှင်စနစ်ဖြင့် သစ်တောများ စိုက်ပျိုးခြင်းကို အမျိုးသားရေးတာဝန်တစ်ရပ်နေဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နောင်အနာဂတ်တွင် သဘာဝသယံဇာတ ပစ္စည်းများကို တန်ဘိုးမြင့်ထုတ်ကုန် အချောထည်များ အဖြစ်သာ တင်ပို့ရောင်းချခွင့်ပြုသွား မည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေးကိုလည်း ဆောင်ရွက်သွားရမည်ဖြစ်ပြီး ဆိုလာနည်းပညာဖြင့် လျှပ်စစ်ထုတ်ယူနိုင်ရေးကို ခွင့်ပြုပေးလျက် ရှိကြောင်း၊ စိုက်ပျိုးရေရရှိရေးအတွက် မြစ်ရေတင်လုပ်ငန်းများကို ပေါင်းစပ်ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်း လုပ်ဆောင်သူများကို သက်ဆိုင်ရာဝန်ကြီး ဌာနများမှ တာဝန်ရှိသူများက အားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စနစ်တကျစီမံဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ တက္ကသိုလ်များတစ်ခု စီသာရှိသဖြင့် ကောလိပ်များ၊ သိပ္ပံကျောင်းများ  ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

ပြည်သူလူထု၏ အကျိုးစီးပွားကို မိမိတို့အနေဖြင့် ဖော်ဆောင်ပေးနိုင်မှသာ ပြည်သူလူထုက မိမိတို့အစိုးရအဖွဲ့ကို ယုံကြည်လာမည်ဖြစ်ကြောင်း၊ ပြည်သူလူထု အကျိုးကို ဖော်ဆောင်ပေးရန်နှင့် အာမခံချက် ပေးနိုင်အောင်ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း

မိမိတို့နိုင်ငံအနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ပြည်သူလူထုအား ဒီမိုကရေစီ အသိ၊ အမြင်နှင့် ဖက်ဒရယ်အသိ၊ အမြင်ရှိအောင် တာဝန်ရှိသူများအနေဖြင့် ရှင်းလင်း ပြောကြားရမည်ဖြစ်ကြောင်း၊ ဒို့တာဝန်အရေးသုံးပါကို ထိခိုက်ခံ၍ မရကြောင်း၊ ဖွံ့ဖြိုး တိုးတက်ရေး၊  တည်ငြိမ်းအေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ် အသိအမြင်ရှိရေးတို့ကို မိမိတို့တာဝန်ယူသည့် ကာလအတွင်း ဆောင်ရွက်နိုင်မှသာ မှတ်ကျောက်တင်ခံရမည့် အစိုးရတစ်ရပ်ဖြစ်လာမည်ဖြစ်ကြောင်း၊ ဥပဒေအသိ ပညာရှင်များ၊ စီးပွားရေးအသိပညာရှင်များ ပိုမိုများပြားလာစေရေးအတွက် တက္ကသိုလ်၊ ကောလိပ် အဆင့်အလိုက် ဥပဒေဘွဲ့၊ စီးပွားရေးဘွဲ့ သင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်၍လည်း မိမိတို့နိုင်ငံအနေဖြင့် လွတ်လပ်ပြီးဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ၊ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာတူယှဉ်တွဲနေထိုင် ရေးမူများဖြင့်သာ ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း၊ သို့ဖြစ်၍ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်စပ်နေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများအနေဖြင့် နှစ်နိုင်ငံချစ်ကြည်ရေးကို ရှေးရှု၍ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိုင်ငံအားလုံးသည် မိတ်ဆွေနိုင်ငံများဖြစ်ကြောင်း၊ သို့သော် အချို့သောနိုင်ငံများ၏ ဝင်ရောက်စွက်ဖက်မှုများရှိ၍ နိုင်ငံတကာဆက်ဆံရေးအား သတိထားဆောင် ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။

(သတင်းစဉ်)

No comments:

Post a Comment