စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ကန်ထူးမတိုက်နယ်ဆေးရုံတွင် တာဝန်သိ ဆရာဝန် တစ်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းတစ်ဦးတို့အား CDM လှုပ်ရှားသူများက အတင်း အဓမ္မဖိအားပေးခြိမ်းခြောက်ပြောဆို
နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ကန်ထူးမတိုက်နယ်ဆေးရုံတွင် ဆေးကု သရေးတာဝန်များကို ထမ်းဆောင်နေသော ဒေါက်တာ နေဇော်အောင်အား CDM လှုပ်ရှား သူများမှ ဆေးရုံပိတ်သိမ်းပြီး CDM လှုပ်ရှားမှုများတွင်ပါဝင်ရန် အတင်းအဓမ္မ ဖိအားပေး ပြောဆိုခြင်း၊ လူစုလူဝေးဖြင့် ခြိမ်းခြောက်လာခြင်းတို့ကို လုပ်ဆောင်လာသဖြင့် ဒေါက်တာ နေဇော်အောင်မှ CDM လှုပ်ရှားမှုတွင် မပါဝင်ရသည့်အကြောင်းရင်းနှင့် ၎င်း၏ တာဝန် ထမ်းဆောင်မှုများကို ပြန်လည်ရှင်းလင်းပြောကြားသည့် Video ရုပ်သံဖိုင်တစ်ခု လူမှု ကွန်ရက်ပေါ်တွင် ဖေဖော်ဝါရီလ ၂၄ ရက်၌ ပျံ့နှံခဲ့ပါသည်။ အဆိုပါရုပ်သံဖိုင်တွင် CDM လှုပ်ရှားသူများသည် ကန်ထူးမ တိုက်နယ်ဆေးရုံတွင် လူနာ များအား တာဝန်သိစွာဖြင့် ဆေးဝါးကုသပေးနေသည့် ဒေါက်တာ နေဇော်အောင်အား ရိုင်းပျသောအပြုအမူများ၊ ရုတ်ရင်းကြမ်းတမ်းသောပြောဆိုချက်များဖြင့် အတင်းအဓမ္မ ဖိအားပေး ခြိမ်းခြောက်ပြောဆိုခဲ့မှုများအပေါ် ဒေါက်တာ နေဇော်အောင်မှ CDM လှုပ်ရှားမှုတွင် မပါဝင်ရသည့် ၎င်း၏သဘောထားများ၊ လက်ရှိဆေးရုံတက်ရောက်ကုသ နေသောလူနာများ၏ ဆေးကုသမှုလိုအပ်သည့် အခြေအနေများ၊ ဆေးရုံပိတ်သိမ်းပါက ပြည်သူများကျန်းမာရေး အခက်အခဲဖြစ်ပေါ်လာနိုင်မည့်အခြေအနေ များအား တုံ့ပြန်မေးခွန်းများမေးမြန်းပြီး ရှင်းလင်း ပြောဆိုခဲ့ပါသည်။ CDM လှုပ်ရှားသူများအနေဖြင့် ဒေါက်တာ နေဇော်အောင်၏ တုံ့ပြန်မေးခွန်းများ အပေါ် အချက်ကျကျ တုံ့ပြန်ဖြေကြားမှု မပြုလုပ်နိုင်သည့်အပြင် ရောဂါဝေဒနာခံစား နေရသော လူနာများအပေါ် စာနာစိတ်ကင်းမဲ့စွာဖြင့် ဆေးရုံပိတ်သိမ်းရေးနှင့် ဒေါက်တာ နေဇော်အောင်အား CDM လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်ပေးရန်ကိုသာ အတင်း အဓမ္မပြောဆိုပြီး ဒေါက်တာ နေဇော်အောင်၏ တာဝန်ထမ်းဆောင်မှုအပေါ် နှောင့်ယှက် တားဆီးခြင်း၊ လူစုလူဝေးဖြင့် ဝိုင်းဝန်းအော်ဟစ် ခြင်းနှင့် ဥပဒေမဲ့ မထေမဲ့မြင် ပြုလုပ်ခြင်းများကို မြင်တွေ့ရပါသည်။


No comments:
Post a Comment