Home

  • ပြည်တွင်းသတင်း
  • ကြေညာချက်
  • ဆောင်းပါး
  • ဥပဒေ/နည်းဥပဒေ
  • အယ်ဒီတာ့အာဘော်

Thursday, February 25, 2021

သတင်းထုတ်ပြန်ခြင်း

သတင်းထုတ်ပြန်ခြင်း 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညနေ ၅နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးအား ပြည်သူလူထုအချို့မှ လာရောက်ကာ နိုင်ငံတော်မှ ရွေေးချယ်တာဝန်ပေးအပ်သော အုပ်ချုပ်ရေးမှူးအား လက်မခံနိုင်ကြောင်းနှင့် အုပ်ချုပ်ရေးရုံးအားသော့ခတ် ပိတ်ဆို့ပြီး လူစုလူဝေးဖြင့် ဆန့်ကျင်ဆန္ဒပြနေကြောင်း သတင်းရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်နိုင်ရေးအတွက် ၎င်းနေရာသို့သွားရောက်ခဲ့ပါသည်။ ၎င်းနေရာသို့ရောက် ရှိစဉ် ရပ်ကွက်နေပြည်သူလူထု (၄၀၀)ကျော်ခန့်မှ သံပုံးတီးခြင်း၊ ဆူပူအော်ဟစ်ပြီး လုံခြုံရေးရဲတပ်ဖွဲ့ဝင် များအား အဓိကရုဏ်းဆန်ဆန် ပြုမူဆောင်ရွက်ရန် ကြိုးစားလာခဲ့သဖြင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များအနေဖြင့် အသံမြည်ဗုံးဖြင့် ပစ်ခတ်ခြင်း၊ .၁၂ ဗို့ကျည်အား မိုးပေါ်ထောင်ဖောက် အသံပေးပစ်ခတ်ခြင်းများအား ဆောင်ရွက်ကာ လူစုခွဲခဲ့ရပါသည်။ ဖော်ပြပါဖြစ်စဉ်တွင် အဓိကရုဏ်းဆန်စွာဖြင့် နိုင်ငံတော်အား ဆန့်ကျင်ခဲ့သည့် ဦးစီးဦးဆောင်ပြုလုပ်သူ အမျိုးသား(၁၃)ဦးနှင့် အမျိုးသမီး(၁၀)ဦး ပေါင်း(၂၃) ဦးအား ဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ယခုဖြစ်စဉ်ပါကဲ့သို့ ဖြစ်စဉ်ဖြစ်ရပ် များအား အခြားဒေသ၊ အခြားနေရာများတွင် ဖြစ်ပွားလာပါက ထိထိရောက်ရောက်အရေး ယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။ 

#တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

 

 

Posted by moi at 11:28 PM
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: ပြည်တွင်းသတင်း

No comments:

Post a Comment

Newer Post Older Post Home
Subscribe to: Post Comments (Atom)

Followers


မြန်မာ့အလင်း


ကြေးမုံ


The Global New Light of Myanmar










Powered by Blogger.