Thursday, December 19, 2019

ပြည်သူ့လွှတ်တော်၊ လွှတ်တော်ရေးရာ စွမ်းရည်မြှင့်တင်ရေး အကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒေါ်စုစုလွင် ဖက်ဒရယ်နိုင်ငံများဖိုရမ် Forum of Federations (FOF) အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၁၉
ပြည်သူ့လွှတ်တော်၊ လွှတ်တော်ရေးရာ စွမ်းရည်မြှင့်တင်ရေး အကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒေါ်စုစုလွင်သည် ဖက်ဒရယ်နိုင်ငံများဖိုရမ် Forum of Federations (FOF) အဖွဲ့အား ယနေ့မွန်းလွဲ ၂နာရီ တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-1) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ်အတွက် တင်ပြရန်ရှိသည့် လုပ်ငန်းအစီအစဉ်များ၊ ဖက်ဒရယ်နိုင်ငံများ ဖိုရမ်ကဆောင်ရွက်လျက် ရှိသော လုပ်ငန်းများ တင်ပြအစီရင်ခံခြင်း၊ ယခင်ကဲ့သို့ လွှတ်တော်များနှင့် အတူ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အကြံပြု ဆွေးနွေးသည်။
(သတင်းစဉ်)

No comments:

Post a Comment