ခရစ်ယာန်အသင်းတော်ပေါင်းစုံ အဖွဲ့ချုပ်ကြီးများ စုပေါင်းကျင်းပသည့် ခရစ်တော်မွေး
နေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်းပွဲတော်နှင့် မိတ်သဟာယ ညစာစားပွဲကို ယနေ့
ညနေ ၆ နာရီခွဲ တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂
၌ ကျင်းပရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့်
ဇနီး ဒေါက်တာရွှေလွှမ်း တို့တက်ရောက်ကြသည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ဇနီး ဒေါ်ရင်မေ၊ အမျိုးသား
လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ဇနီး ဒေါ်နန့်ကြင်ကြည်၊ နိုင်ငံတော်ဖွဲ့စည်း
ပုံ အခြေဥပဒေ ဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့်ဇနီး ဒေါ်ဌေးရီ၊ ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ဇနီး ဒေါ်အေးသီတာ၊ အမျိုးသားလွှတ်တော် ဒုတိယ
ဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ဇနီး ဒေါ်သိန်းယဉ်ချေ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ၎င်းတို့
၏ဇနီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်
အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ၎င်းတို့၏ဇနီးများ၊ နိုင်ငံတော် ဖွဲ့စည်းပုံ
အခြေခံဥပဒေဆိုင်ရာ ခုံရုံး အဖွဲ့ဝင်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊
ဒုတိယ ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဝင်၊ အမြဲတမ်းအတွင်းဝန်များ၊
ညွှန်ကြားရေးမှူးချုပ်များ၊ ဂိုဏ်းချုပ်ဆရာတော်ကြီးများ၊ သိက္ခာတော်ရဆရာတော်များ၊ ခရစ်ယာန်အသင်းတော်များမှ
ကိုယ်စားလှယ်များ ၊ အထူးဖိတ်ကြားထားသူများနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ် ဥက္ကဋ္ဌ သိက္ခာတော်ရ
ဒေါက်တာအေးမင်း က ပဏာမဆုတောင်းပေးသည်။
ထို့နောက် မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ် အထွေထွေအတွင်း ရေးမှူး
သိက္ခာတော်ရ ဒေါက်တာ မောရစ်လျံနာ က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား ပြီး သာသနာရေး
နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က ခရစ္စမတ် နှုတ်ခွန်းဆက်
အမှာစကားပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံခရစ်ယာန် အသင်းတော်များကောင်စီဥက္ကဋ္ဌ သာသနာပိုင်ချုပ်
စတီဗင် သန်းမြင့်ဦး က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်အကြီး အကဲများနှင့်နိုင်ငံသူ
နိုင်ငံသားများအတွက် မေတ္တာပို့ဆုတောင်းပေးသည်။
ထို့နောက် မြန်မာနိုင်ငံ ခရစ်တော်သာသနာပြန့်ပွားမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့
ချုပ် သိက္ခာတော်ရ ဆရာဦးနိုနို၊ မြန်မာနိုင်ငံဧဝံဂေလိ ခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်မှ
သိက္ခာတော်ရ ဆရာဦးမျိုးဝင်း နှင့် မြန်မာနိုင်ငံကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်
မှ Father , Lucus Suan Za Lian တို့က သမ္မာကျမ်းစာများကို ဖတ်ကြားကြသည်။
ယင်းနောက် ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်သာသနာမှ လက်ထောက်ဆရာတော် ကြီး ဆရာတော်
ဂျွန်စောယောဟန် က ခရစ္စမတ်ဒေသနာကို ဟောကြားပြီး မြန်မာ နိုင်ငံ ခရစ်ယာန် အသင်းတော်များ
ကောင်စီ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာ မန်းပါမာစတန် က ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အား ခရစ်ယာန်အသင်းတော် ပေါင်းစုံအဖွဲ့ချုပ်
ကြီးများကိုယ်စား မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်မှ ဆရာတော် ဂျွန်မန်းဆိန်းဟီ
က ခရစ္စမတ် လက်ဆောင်ပေးအပ်သည်။
ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို
က ခရစ်ယာန်အသင်းတော် ပေါင်းစုံအဖွဲ့ချုပ်ကြီးများအား ခရစ္စမတ်လက် ဆောင်ပေးအပ် သည်။
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် အခမ်းအနားသို့ တက်ရောက်လာကြသူ များ
နှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ယင်းနောက် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ ဒုတိယဥက္ကဋ္ဌ ဂိုဏ်းချုပ်
ဆရာတော် ကြီး ဦးမြတ်ဆန်း က ကျေးဇူးတော်ချီးမွမ်းဆုတောင်းပေးပြီး အခမ်းအနားသို့ တက်ရောက်
လာကြသူများက ``ယေရှုကြွလာတော်မူကျုး´´ဓမ္မတေးသီချင်းကို သီဆို ချီးမွမ်းကြသည်။
ထို့နောက် မြန်မာနိုင်ငံ ခရစ်တော်သာသနာ ပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေး
အဖွဲ့ချုပ် ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာ ဦးအောင်သက်ညွန့် ၏ ကောင်းချီးပေးခြင်းအားဖြင့်
အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် မိတ်သဟာယညစာ ကို အတူတကွ သုံးဆောင်ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment