Wednesday, December 18, 2019

၂၀၁၉ ခုနှစ် ဒီဇင်ဘာလထုတ် သုတပဒေသာစာစောင် ကဏ္ဍစုံလင် ဆန်းသစ်ဝေဆာစွာ ထွက်ပြီ



ရန်ကုန် ဒီဇင်ဘာ ၁၇
၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄၀ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော သုတပဒေသာစာစောင်ကို မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့ အပြောင်း အလဲများပြုလုပ်ပြီး လစဉ်ထုတ်ဝေ လျက်ရှိသည်။
နိုင်ငံတကာထုတ် စာအုပ်စာစောင်များမှ ကောင်းနိုး ရာရာ အကြောင်းအရာများကို ရွေးချယ် ဘာသာပြန် ဆိုထားသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အတွေးအခေါ်၊ ကျန်းမာရေး စသည့် သုတဆောင်းပါး များ၊ နိုင်ငံရပ်ခြား ကဗျာ၊ ဝတ္ထုတို၊ ဖြစ်ရပ်မှန် စသည့် ရသကဏ္ဍများနှင့် နိုင်ငံသားများ ဗဟုသုတ ရရှိစေ ရေးကို ရည်ရွယ်၍ ခေတ်မီအကြောင်း ရပ်များကို အထူးပြု ရေးသားသည့် မျက်နှာဖုံး ဆောင်းပါးကြီးများ ကိုလည်း ဖော်ပြလျက်ရှိသည်။
အသက် ၁၈နှစ်မှ ၂၅ နှစ်အတွင်းရှိ လူငယ်များကို ဦးတည်ပရိသတ်အဖြစ် ထားပြီး အသွင်သစ်ဖြင့် ထုတ်လုပ်လိုက်သော သုတပဒေသာစာစောင် (ဒီဇင်ဘာလ)ကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန စာပေဗိမာန်က ဖြန့်ချိလိုက်ပြီ ဖြစ်သည်။
အဆိုပါ သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ငွေကျပ် ၂၅၀၀ နှုန်းဖြင့် စာပေဗိမာန် စာအုပ်အရောင်း ဆိုင် အမှတ်(တ-၅၅) သပြေကုန်းဈေး နေပြည်တော် ဖုန်း-၀၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ် အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်း ရန်ကုန်မြို့၊ စာပေဗိမာန် စာအုပ် အရောင်းဆိုင် ၈၆လမ်း၊ ၂၁လမ်းနှင့် ၂၂ လမ်းကြား မန္တလေး ဖုန်း ၀၂-၄၀၃၀၁၈၆၊ ရန်ကုန်မြို့ ရှိ စာအုပ် ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်း ရန်ကုန်မြို့ ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈ တို့သို့ ဆက်သွယ်မှာယူနိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment