နေပြည်တော် နိုဝင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများလျှပ်စစ်ဓာတ်အား
ကောင်းမွန်စွာသုံးစွဲနိုင်ရေး၊ ဗို့အားစနစ် တည်ငြိမ်မှုရှိရေး၊
ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးနှင့် ဓာတ်အား
စနစ်ကြံ့ခိုင်ကောင်းမွန်ရေး တို့အတွက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည်
ယနေ့တွင် ရန်ကင်းမြို့နယ်၌ အဆင့်မြှင့်တင် ဆောင်ရွက်နေသော ၆၆/၁၁ - ၆ ဒသမ ၆ ကေဗွီ ၆၀ အမ်ဗွီအေ ကုကိ္ကုင်း GIS ဓာတ်အားခွဲရုံနှင့် တာမွေမြို့နယ်၌ အသစ်တည်ဆောက်နေသော ၆၆/၁၁ - ၆ ဒသမ ၆ ကေဗွီ ၆၀ အမ်ဗွီအေ တာမွေ GIS ဓာတ်အားခွဲရုံတို့ကို ကြည့်ရှုစစ်ဆေး သည်။
GIS ဓာတ်အားခွဲရုံများကို ကြည့်ရှုစစ်ဆေးစဉ် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူများက ဓာတ်အားခွဲရုံများ၏ အချက်အလက်များနှင့် ပြင်ဆင်တည်ဆောက်နေမှုများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဓာတ်အားခွဲရုံများ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဓာတ်အား ပြတ်တောက်မှု လျော့နည်းကျဆင်းရေးတို့အတွက် ထရန်စဖော်မာများ၊ ဓာတ်အားခွဲရုံသုံးပစ္စည်းများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်ရေးကို စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားကြရန်နှင့် ဓာတ်အား ခွဲရုံများ ခေတ်မီနည်း ပညာများအသုံးပြု၍ လူအင်အားအနည်းဆုံးဖြင့် ဓာတ်အားထိန်းချုပ် ပို့လွှတ်ဖြန့်ဖြူး ပေးနိုင်ရေး စီမံဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ဓာတ်အားခွဲရုံ ထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဓာတ်အားပိတ်၍ ဆောင်ရွက်ရပါက သက်ဆိုင်ရာအစိုးရအဖွဲ့သို့ တင်ပြပြီး ဓာတ်အားပြတ်တောက်ချိန် အနည်းဆုံးနှင့် ပြည်သူလူထုအပေါ် ထိခိုက်မှုအနည်းဆုံး ဖြစ်အောင် အလေးထား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်နိုင်သည့် အခြေအနေများကို ကာကွယ်နိုင်ရန်အတွက် ကြိုတင်စီမံ ဆောင်ရွက်ထားကြရန် လိုအပ်ကြောင်း မှာကြားသည်။
အဆိုပါ အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိသည့် ၆၆/၁၁ - ၆ ဒသမ ၆ ကေဗွီ ၆၀ အမ်ဗွီအေ ကုကိ္ကုင်း GIS ဓာတ်အားခွဲရုံသည် ယခင် ၃၃ ကေဗွီခွဲရုံဖြင့် ဓာတ်အားဖြန့်ဖြူးခဲ့ရာမှ မီးသုံးစွဲသူများ တိုးတက်လာ၍ ဝန်အားပြည့်မီနေသောကြောင့် အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
အသစ်တည်ဆောက်လျက်ရှိသော ၆၆/၁၁ - ၆ ဒသမ ၆ ကေဗွီ ၆၀ အမ်ဗွီအေ တာမွေ GIS ဓာတ်အားခွဲရုံသည် ယခင်တာမွေမြို့နယ်ရှိ မီးသုံးစွဲသူများကို ၆၆ ကေဗွီ ပုသိမ်ညွန့် ဓာတ်အား ခွဲရုံ၊ ၃၃ ကေဗွီ နတ်ချောင်း ဓာတ်အားခွဲရုံနှင့် ရာမကွင်းဓာတ်အားခွဲရုံတို့မှ ဖြန့်ဝေပေးလျက် ရှိရာမှ ဝန်အားလျော့ချမျှဝေနိုင်ရန်အတွက် အသစ်တိုးချဲ့ တည်ဆောက်ခဲ့ခြင်းဖြစ်၍ တည်ဆောက်ရေး လုပ်ငန်းများ ဒီဇင်ဘာလအတွင်း ပြီးစီးမည် ဖြစ်ကာ တာမွေ၊ ဗဟန်း၊ မင်္ဂလာ တောင်ညွန့်နှင့် ရန်ကင်းမြို့နယ်များရှိ မီးသုံးစွဲသူပြည်သူများသို့ လျှပ်စစ် ဓာတ်အားများ ဖြန့်ဖြူး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment