Thursday, November 28, 2019

ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို အထိမ်းအမှတ် စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ကျင်းပမည်

ရန်ကုန် နိုဝင်ဘာ ၂၇
မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းနှင့် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်တို့ ပူးပေါင်း၍ ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို အထိမ်းအမှတ်
စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်း ပွဲတော်ကို ဒီဇင်ဘာ ၅ ရက်မှ ၈ ရက်အထိ ရန်ကုန် တက္ကသိုလ်အဓိပတိလမ်း ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ရှေ့နှင့် သစ်ပုတ်ပင်တစ်ဝိုက်တို့တွင် စာအုပ်ဆိုင်ခန်းပေါင်း ၁၂၀ ကျော်တို့က အထူးဈေးနှုန်းဖြင့် ရောင်းချမည် ဖြစ်သည်။

ထို့ပြင် ရှေးဟောင်းရှားပါးစာအုပ်များ၊ အခြားအထူးလျှော့ဈေးဖြင့် ရောင်းချမည့် စာအုပ်အရောင်း ဆိုင်များ ပါဝင်ကြမည်ဖြစ်ရာ မည်သူမဆို လာရောက်ကြည့်ရှုဝယ်ယူ အားပေးနိုင်ပါကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment