Friday, November 1, 2019

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို နှင့်အဖွဲ့ ထိုင်းနိုင်ငံ၌ ကျင်းပမည့် ၂၂ ကြိမ်မြောက် အာဆီယံ လူမှုရေးနှင့် ယဉ်ကျေးမှုအသိုက်အဝန်း ဝန်ကြီးအဆင့် အစည်းအဝေး တက်ရောက်ရန် ရန်ကုန်မြို့မှ ထွက်ခွာ

ရန်ကုန် နိုဝင်ဘာ ၁
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ နိုဝင်ဘာ ၁ ရက်မှ ၂ ရက်အထိ ကျင်းပမည့် ၂၂ ကြိမ်မြောက်
အာဆီယံလူမှုရေးနှင့် ယဉ်ကျေးမှု အသိုက်အဝန်း ဝန်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက်ရန် ယနေ့ နံနက် ၇ နာရီ ၂၅ မိနစ်က လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ထွက်ခွာသွားသည်။
ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့အား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment