Thursday, November 28, 2019

မြန်မာ-ကိုရီးယား သွားဘက်ဆိုင်ရာပညာရှင်များ သွားနှင့် ခံတွင်းရောဂါ အခမဲ့ကွင်းဆင်းကုသ

နေပြည်တော် နိုဝင်ဘာ ၂၇
သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် - (ရန်ကုန်) နှင့် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်အမျိုးသားတက္ကသိုလ် သွားဘက်ဆိုင်ရာ ဆေးရုံကြီး (Seoul National University Dental Hospital) တို့အကြား
နှစ်နိုင်ငံပညာရေး ပူးပေါင်းဆောင်ရွက်မှု တစ်စိတ်တစ်ဒေသအဖြစ် ပါမောက္ခယောင်ကင် (Prof.Young Jae Kim) ဦးဆောင်သောအဖွဲ့သည် နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ကာကွယ်ရေးနှင့် လူထု သွား ကျန်းမာရေးပညာဌာနမှ ဆရာ ဆရာမများ၊ အလုပ်သင် ဆရာဝန်များ၏ ကွင်းဆင်းကုသရေး ခရီးစဉ်၌ အတူလိုက်ပါ၍ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။
ကုသရေးလုပ်ငန်းများကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိ အ.မ.က (၁၉) နှင့် အ.ထ.က (စိုက်/မွေး) လေးထောင့်ကန်၊ သင်္ဃန်းကျွန်းမြို့နယ် အ.လ.က (၂) သုဝဏ္ဏကျောင်းများရှိ ကျောင်းသား ကျောင်းသူ ၁၃၅ ဦးတို့အား သွားနှင့်ခံတွင်းရောဂါ အခမဲ့ကုသမှုပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment