Thursday, November 28, 2019

၂၀၂၀ ပြည့်နှစ်တွင် ဂျပန်နိုင်ငံ၌ ကျင်းပမည့် အိုလံပစ်ပြိုင်ပွဲတွင် မြန်မာ့နံပါတ် ၁ ကြက်တောင်မယ် သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်မည်

ရန်ကုန် နိုဝင်ဘာ ၂၇ 
၂၀၂၀ ပြည့်နှစ်တွင် ဂျပန်နိုင်ငံ၌ ကျင်းပမည့် အိုလံပစ် ပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ အားကစားသမား ခုနစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရန် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီက အကူအညီတောင်းခံထားကြောင်း သိရပြီး ကစားသမားများစာရင်းတွင် မြန်မာ့နံပါတ် ၁ ကြက်တောင်မယ် သက်ထားသူဇာပါဝင်ကြောင်း၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီမှ သိရသည်။

သက်ထားသူဇာသည် လက်ရှိတွင် အိန္ဒိယနိုင်ငံ Lucknow မြို့၌ နိုဝင်ဘာ၂၆ ရက်မှ ဒီဇင်ဘာ ( ၁ ရက်အထိ ကျင်းပနေသည့် SYED MODI International Championship 2015 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် လျက်ရှိကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲသည် Badminton World Fedration(BWF)က သတ်မှတ်ထား သည့် ပြိုင်ပွဲများအနက် Grade 2 အဆင့်ရှိပြီး နာမည်ကြီး ကစားသမားများ ပါဝင်ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲတစ်ရပ်ဖြစ်ကြောင်းလည်း သိရသည်။
“ကြက်တောင်မယ် သက်ထားသူဇာက တကယ်တော့ သူသွားနေတာက Road to Olympic ပါ။ အိုလံပစ်ကို ဝင်တယ်ဆိုတာ Qualified Round တွေ အများကြီးလုပ်ရပါတယ်။ အဲဒီတော့ Qualified Round တွေမှာ အမှတ်ရဖို့လိုအပ်ပါတယ်။ အမှတ်ရဖို့ လိုတဲ့အတွက် အမှတ်ရနိုင်မယ့်နေရာတွေမှာ တောက်လျှောက် ကစားပြီးတော့ အမှတ်ယူနေရတာပါ။ အခုတဖြည်းဖြည်း ဒီဘက်ကို ရောက်လာ ပြီးတော့ အခုဆိုရင် အိန္ဒိယနိုင်ငံမှာ သွားရောက် ယှဉ်ပြိုင်ကစားနေပါတယ်။ အဲဒီလိုကစားတဲ့အခါ မှာလည်း ဒီဘက်က အာရှအဖွဲ့တွေနဲ့တွေ့မယ်။ အာရှဆိုတာ ကြက်တောင်နဲ့ပတ်သက်ရင် ကမ္ဘာ့အဆင့်တွေကြီးပါပဲ။ ကမ္ဘာ့အဆင့် တွေကြီး ဖြစ်တဲ့ အတွက်ကြောင့် ဒီကမ္ဘာ့အဆင့်တွေကို တိုးဖို့ဆိုတာ တော်တော်လေးကို လုပ်ယူရပါတယ်”ဟု ဒုတိယ ဝန်ကြီး ဒေါက်တာမြလေးစိန်က ပြောသည်။
မြန်မာ့နံပါတ် ၁ ကြက်တောင်မယ် သက်ထားသူဇာသည် လက်ရှိ အဆင့်သတ်မှတ်ချက်အရ အဆင့် ၆၁ နေရာတွင် ရပ်တည်လျက်ရှိကာ ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်က ချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဆုခြောက်ဆု၊ Egypt International Series 2018 ပြိုင်ပွဲတွင် ပထမဆု၊ နီပေါ အပြည်ပြည်ဆိုင်ရာ စီးရီးတွင် ဒုတိယဆု၊ Iran International Challenge 2018 ပြိုင်ပွဲတွင် တတိယဆုနှင့် အခြားဆုများစွာ ရရှိထားပြီး ဂျပန်နိုင်ငံတွင် ကျင်းပမည့် ၂၀၂၀ အိုလံပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်၍ နိုင်ငံတော်အတွက် ဆုတံဆိပ်များ ရရှိနိုင်ရန် ကြိုးစားလေ့ကျင့်လျက်ရှိကြောင်း သိရသည်။

ပွင့်သစ္စာ

No comments:

Post a Comment