နေပြည်တော် အောက်တိုဘာ ၂၈
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် KNU
ကရင်အမျိုးသား အစည်အရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် ကိုယ်စားလှယ် အဖွဲ့အား
ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ
ကွန်ဗင်းရှင်းဗဟိုဌာန-၂ ရှိဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် ကြုံတွေ့နေရသည့် အခက်အခဲများ ကျော်လွှားနိုင်ရေးကိစ္စ၊ NCA အကောင်အထည်ဖော်မှု ဆိုင်ရာ မူဘောင်သဘောတူညီချက်များ ရယူရေးကိစ္စ၊ ၂၀၂၀ ရွေးကောက်ပွဲများ အလွန် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် သဘောတူညီချက် ရယူရေးကိစ္စ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM ကျင်းပနိုင်ရေးကိစ္စ၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS နေပြည်တော် မလာရောက်နိုင်သည့် ကိစ္စနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အစီအစဉ်များကိစ္စ စသည်တို့ကို ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသူ၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်နှင့် ဦးလှမော်ဦး၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြပြီး၊ ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌနှင့်အတူ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၊ စစ်ရေး/ နိုင်ငံရေးအကြံပေး ပဒိုစောထူးထူးလေး၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် စောရော်ဂျာခင်၊ ဗဟိုအမြဲတမ်း ကော်မတီဝင်များ ဖြစ်ကြသည့် စောတောနီး၊ စောသမိန်ထွန်း၊ စောအိုင်းဇက်ဖိုး၊ စောတာမလာသောနှင့် ပဒိုစောရွှေမောင်း တို့လည်း တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:
Post a Comment