နေပြည်တော် အောက်တိုဘာ ၂ဝ
၁၉၆၅ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ (စင်ထရယ်) အထက(၁) လသာ ကျောင်းသားဟောင်းများ၏
(၂၇) ကြိမ်မြောက် အာစရိယပူဇော်ပွဲ အခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့
လသာမြို့နယ်ရှိ အဆိုပါကျောင်း ဗဟိုစံပြခန်းမ၌ ကျင်းပသည်။
အဆိုပါ
အခမ်းအနားသို့ ဆရာကြီး၊ ဆရာမကြီး ၅ဝ တက်ရောက်ကန်တော့ ခံကြပြီး အလယ်တန်းမှ
အထက်တန်းအထိ ပညာသင်ကြားခဲ့သည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ၁၉၆၅ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ
ကျောင်းသား ဟောင်းများ တက်ရောက်၍ ဆရာကြီး၊ ဆရာမ ကြီးများအား ကန်တော့ကြသည်။
ရှေးဦးစွာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်က အခမ်းအနားသို့ တက်ရောက်လာသည့် ဆရာကြီး၊ ဆရာမကြီးများအား
ရင်းရင်းနှီးနှီး လိုက်လံဂါရဝပြုနှုတ်ဆက်ကာ ကန်တော့ပစ္စည်းများပေးအပ်၍
ဂါရဝပြုကန်တော့ရာ ဆရာကြီး၊ ဆရာမကြီးများက ဩဝါဒစကား ပြန်လည်ချီးမြှင့်သည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တက်ရောက် လာကြသည့် ကျောင်းသား
ဟောင်းများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ဂုဏ်ထူးရ ကျောင်းသား၊
ကျောင်းသူများအား ချီးမြှင့်ငွေပေးအပ်ခဲ့သည်။
ထို့နောက်
အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပရာ ကျောင်းခေါင်းလောင်း ၂၇
ချက်တီး၍ ဟိုက်စကူးကျောင်းတော်ကြီး သီချင်းအား သီဆိုဂုဏ်ပြုပြီး
အခမ်းအနားကို စတင်ဖွင့်လှစ်သည်။
ယင်းနောက်
အခမ်းအနားတက်ရောက်လာကြသည့် ကျောင်းသားဟောင်းများက ကျေးဇူးရှင် ဆရာကြီး၊
ဆရာမကြီးများအား မြန်မာ့ရိုးရာထုံးတမ်း စဉ်လာနှင့်အညီ ရိုသေစွာ
ဂါရဝပြုကန်တော့ကြရာ ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကိုယ်စား ဆရာကြီး
ဦးကောင်းနှင့် ဆရာမကြီး ဒေါ်ဖြူဖြူတို့က ဩဝါဒစကား ချီးမြှင့်ပြောကြားသည်။
ထို့နောက် ကျောင်းအုပ်ကြီး ဦးတင်မောင်အေး၊ အာစရိယပူဇော်ပွဲ ကျင်းပရေး
ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်မြင့်နှင့် ကျန်းမာရေးနှင့်
ကူညီစောင့်ရှောက်မှုအဖွဲ့ နာယက ဦးခင်မောင်စိန်တို့က နှုတ်ခွန်းဆက် စကား
ပြောကြားကြသည်။ ယင်းနောက် ဆရာကြီး၊ ဆရာမကြီးများအား
ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ ကြသော ဆရာဝန်များ၊ သူနာပြုများနှင့်
အာစရိယပူဇော်ပွဲတွင် ကူညီဆောင်ရွက် ပေးခဲ့ကြသည့် ဆရာမများအား
လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။
ထို့နောက် တက်ရောက်လာကြသည့်
ကျောင်းသားဟောင်းများကိုယ်စား ကျောင်းသားဟောင်း ဦးဇော်လွင်က
ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဆရာကြီး၊ ဆရာမကြီးများအား
ကန်တော့ပစ္စည်းများဖြင့် ကန်တော့ကြ သည်။ ယင်းနောက်
ဟိုက်စကူးကျောင်းတော်ကြီး သီချင်းဖြင့် သီဆိုဂုဏ်ပြုကြပြီး အမှတ်တရ
စုပေါင်းဓာတ်ပုံများ ရိုက်ခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏
သတင်းထုတ်ပြန်ချက် အရသိရသည်။
သတင်းစဉ်
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
No comments:
Post a Comment