ရန်ကုန် အောက်တိုဘာ ၃၁
ဂျပန်နိုင်ငံ၊ ဖူကူအိုကာ (Fukuoka) မြို့တွင် APCC မှဦးစီး၍ ၂၀၂၀ ဇူလိုင်
၁၂ မှ ၂၅ အထိ ကျင်းပပြုလုပ်မည့်၊ နိုင်ငံပေါင်း (၄၀) ကျော်မှ
ကျောင်းသားလူငယ်များ ပါဝင်တက်ရောက် မည်ဖြစ်သော “အပြည်ပြည်ဆိုင်ရာ လူငယ်များ
နွေရာသီစခန်းချပွဲ - ၂၀၂၀” (BRIDGE Summer Camp – 2020) သို့
မြန်မာနိုင်ငံမှ ကျောင်းသားလူငယ် (၄) ဦးအား (Junior Ambassadors) အဖြစ်၊
APCC ၏ မြန်မာနိုင်ငံဆိုင်ရာ တရားဝင်ပူးပေါင်း ဆက်ဆံရေး ကိုယ်စားလှယ်
ဖြစ်သည့် မြန်မာ-ဂျပန် အသင်း (MJA) မှ ဦးစီးစိစစ်ရွေးချယ် လေ့ကျင့်
ဖွဲ့စည်းပြီး စေလွှတ်သွားမည် ဖြစ်ပါသည်။
အဆိုပါ အစီအစဉ်အတွက် မြန်မာနိုင်ငံသားမိဘ (၂) ဦးမှမွေးဖွားသည့် အသက် (၁၁) နှစ် အရွယ် [၁-၈-၂၀၀၈ နှင့် ၃၁-၇-၂၀၀၉ အကြား မွေးဖွားသူ] လက်ရှိကျောင်းပညာသင်ကြားဆဲ ကျောင်းသားလူငယ်များ (ကျား/မ) သည် မြန်မာ-ဂျပန်အသင်းမှ သတ်မှတ်ထားသည့် အဆိုပြုလွှာ ဖြင့် လျှောက်ထားနိုင်သည်။
သတ်မှတ်ထားသည့် အဆိုပြုလွှာများကို မြန်မာ-ဂျပန်အသင်းရုံး (ရန်ကုန်) Shwe Zabu River View Condo, Tower A၊ ကမ်းနားလမ်း၊ အလုံမြို့နယ်တွင် အခမဲ့ရယူနိုင်ပြီး၊ ၂၀၁၉ နို၀င်ဘာ (၃၀) ရက် (စနေနေ့) နောက်ဆုံးထား၍ ပေးပို့လျှောက်ထားရပါမည်။ အဆိုပြုလွှာများကို ပဏာမ စိစစ်၍ အကြိုစာမေးပွဲဖြေဆိုခွင့် ရရှိသူများအား ဆက်သွယ် အသိပေးမည်ဖြစ်ပြီး၊ အကြိုစာမေးပွဲ (screening test) နှင့် လူတွေ့ စစ်ဆေးခြင်း (personal interview) များကို ၂၀၁၉ ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မည်။
အစီအစဉ်နှင့်စပ်လျဉ်း၍ မြန်မာ-ဂျပန်အသင်းရုံး (ရန်ကုန်) ဖုန်း (၀၉၄၂၁၁၆၂၃၇၁၊ ၀၉၂၆၂၇၇၂၇၀၅၊ ၀၁၂၃၀၁၇၈၇) သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရှိရသည်။
MJA

No comments:
Post a Comment