နေပြည်တော် အောက်တိုဘာ ၂၁
ကိုရီးယားသမ္မတနိုင်ငံ ဂွမ်ဂျူးမြို့၌ အောက်တိုဘာ ၂၃ ရက်မှ ၂၄ ရက်အထိ
ကျင်းပမည့် အာဆီယံ - ကိုရီးယား ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာဝန်ကြီးများ
အထူးအစည်းအဝေးသို့ တက်ရောက်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး သူရဉီးအောင်ကို ခေါင်းဆောင်သော
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့မှ
ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့အား တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
(သတင်းစဉ်)
မြန်မာကိုယ်စားလှယ်အဖွဲ့အား တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment