Friday, October 18, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယတပ်မတော် ဒုတိယရေတပ်ဦးစီးချုပ်အား လက်ခံတွေ့ဆုံ



နေပြည်တော် အောက်တိုဘာ ၁၇
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယတပ်မတော် ဒုတိယရေတပ်ဦးစီးချုပ် Vice Admiral G Ashok Kumar, AVSM, VSM, VCNS ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာ သီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် နှစ်နိုင်ငံ ရေပြင်နယ်နိမိတ် ဆက်စပ်လျက်ရှိသဖြင့် ရေပြင်ပိုင်နက်လုံခြုံရေးကို နှစ်နိုင်ငံ ရေတပ်များ သတင်း အချက်အလက်များဖလှယ်၍ ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေ၊ မြန်မာ့တပ်မတော်အနေဖြင့် အိမ်နီးချင်း ငါးနိုင်ငံနှင့် အိမ်နီးချင်းကောင်းဖြစ်စေရန် နယ်စပ်ဒေသပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းများကို အလေးထားဆောင်ရွက် လျက်ရှိသည့် အခြေအနေ၊ မြန်မာ့တပ်မတော်(ရေ) အား ခေတ်မီတပ်မတော်(ရေ)ဖြစ်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ သင်တန်းသားများ စေလွှတ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံရေတပ်အချင်းချင်း ချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန် လည်ပတ်ခြင်းဖြင့် နည်းပညာဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များအား ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

No comments:

Post a Comment