Sunday, October 6, 2019

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ကိုရီးယားသမ္မတနိုင်ငံရှိ မြန်မာသံရုံးဝန်ထမ်းများနှင့်တွေ့ဆုံ



နေပြည်တော် အောက်တိုဘာ ၆

ကိုရီးယားသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ခေါင်းဆောင်သော မြန်မာလွှတ်တော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၅ ရက် ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီတွင် ကိုရီးယားသမ္မတနိုင်ငံရှိ မြန်မာသံရုံး၌ မြန်မာသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများအား တွေ့ဆုံသည်။


ယင်းနောက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၄၅ မိနစ်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့သည် ချစ်ကြည်ရေးခရီးစဉ် ပြီးဆုံး၍ ကိုရီးယားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရာ ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော်မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မြန်မာသံအမတ်ကြီး ဦးသန့်စင် တို့က အင်ချွန်းလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment