နေပြည်တော် အောက်တိုဘာ ၂၁
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းသည် တောင်သာမြို့နယ်
ဒေသခံလွှတ်တော် ကိုယ်စားလှယ်များနှင့်အတူ အောက်တိုဘာ ၂၀ ရက်တွင်
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် အတွင်းရှိ ကျေးလက်လမ်း
ဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်နေသော ကျေးလက်လမ်းကို
ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် မိုင်တိုင်အမှတ် (၉/၁) အနီးရှိ ပျက်စီးသွားသော နဂါးဗိုလ် တံတားပေ ၁၂၀ ၏ အခြေအနေနှင့် အသစ်ပြန်လည်တည်ဆောက်ရန် အတွက် တံတား Alignment နှင့် တည်နေရာကို ကြည့်ရှု စစ်ဆေးပြီး ဒုတိယဝန်ကြီးက အသစ်ပြန်လည် တည်ဆောက်မည့် နဂါးဗိုလ်တံတား၏ တည်နေရာ၊ Alignment ကို အတည်ပြု၍ တံတားပုံစံထုတ်ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက မြေသားလမ်းနှင့် အမာခံဂျင်းလမ်းအား ရာသီမရွေးအသုံးပြုနိုင်ရေး ဆောင်ရွက်သွားရန် မှာကြားသည်။ ဝဲလောင်-ကြီးပင်တဲ-နဂါးဗိုလ်လမ်းသည် ကိုးမိုင် နှစ်ဖာလုံရှိပြီး ကျေးရွာ ခြောက်ရွာ၊ အိမ်ခြေ ၈၀၂ လုံးနှင့် လူဦးရေ ၄၃၄၉ ဦးအား အကျိုးပြုနေသော ကျေးလက်လမ်း ဖြစ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဝဲလောင်-ရွာသစ်-တံတား (န) လမ်းတစ်လျှောက်နှင့် ယခုဘဏ္ဍာနှစ်အတွက် ကတ္တရာလမ်းခင်းမည့် နေရာများကို ကြည့်ရှုစစ်ဆေးပြီး လမ်းပေါ်ရှိ ရွာသစ်ရွာ အခြေခံ ပညာအထက်တန်းကျောင်းတွင် ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေးသည်။ ဝဲလောင်-ရွာသစ်-တံတား (န) လမ်းသည် ၁၁ မိုင်နှင့် ၂ ဒသမ ၄၈ ဖာလုံရှိကာ ကျောက်လမ်းအမျိုးအစားဖြစ်ပြီး ကျေးရွာ ၁၀ ရွာ၊ အိမ်ခြေ ၁၈၅၈ လုံးနှင့် လူဦးရေ ၁၀၇၉၉ ဦးအား အကျိုးပြုနေသော လမ်းဖြစ်သဖြင့် ယခုနှစ်မှ စ၍ ကတ္တရာလမ်း စတင်ခင်းပေးရန် စီစဉ်ထားကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment