ရန်ကုန် အောက်တိုဘာ ၁၄
၂၀၂၀ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့်
(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်
ပို့စကတ်ပြိုင်ပွဲအား “နိုင်ငံ၏တန်ဖိုး လူမျိုး၏ ဂုဏ်သိက္ခာ”
ဟူသောခေါင်းစဉ်ဖြင့် ကျင်းပ ပြုလုပ်သွားပါမည်။
အဆိုပါပြိုင်ပွဲသို့ မည်သူမဆို
ပါဝင်ယှဉ်ပြိုင်နိုင်ပြီး နိုင်ငံတော်၏
ဖွံ့ဖြိုးတိုးတက်မှုများ၊ အေးချမ်းတည် ငြိမ်မှုများ၊ တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုများ၊ ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်မှုများ၊ နိုင်ငံသားတို့၏
စည်းကမ်း ပြည့်၀မှုများနှင့်
လွတ်လပ်ရေးကြိုးပမ်းမှု၏ ထင်ရှားသည့် င်္ကေတ၊ နေရာဒေသနှင့် လူပုဂ္ဂိုလ်များ စသည်တို့ကို
ဖော်ညွှန်းဖန်တီးထားသည့် ပို့စကတ်ပုံများဖြင့်
ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်ပါသည်။
ပြိုင်ပွဲစည်းကမ်းချက်များမှာ
အောက်ပါအတိုင်းဖြစ်ပါသည် -
(က) ပြိုင်ပွဲတွင်
မြန်မာနိုင်ငံသားမည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်သည်။
(ခ) ပို့စကတ်ဓာတ်ပုံအရွယ်အစားမှာ (၈
လက်မ x ၁၀ လက်မ) အရွယ်အစား တစ်မျိုးတည်းသာ ပါဝင်ယှဉ်ပြိုင်ရန်နှင့် ပုံအရေအတွက်
အကန့်အသတ်မရှိ ယှဉ်ပြိုင်နိုင်သည်။
(ဂ) ပြိုင်ပွဲဝင်ပို့စကတ်များကို ကွန်ပျူတာဂရပ်ဖစ်ဒီဇိုင်း၊ ပန်းချီ၊ ရုပ်ပုံတို့ဖြင့်
ပါဝင်ယှဉ်ပြိုင် နိုင်သလို ယှဉ်ပြိုင်ရာတွင်
တခြားသူ ရေးဆွဲဖန်တီးထားသော ကွန်ပျူတာ ဂရပ်ဖစ် ဒီဇိုင်း ပန်းချီ၊ ရုပ်ပုံများကိုမှီငြမ်းကိုးကားဖန်တီးမည်ဆိုပါက ကာယကံရှင်၏ ခွင့်ပြုချက် ပါရှိရမည်။
(ဃ) ပြိုင်ပွဲဝင် ပို့စကတ်များသည်
ပုံနှိပ်ထုတ်ဝေပြီးသော ဂရပ်ဖစ်ဒီဇိုင်း၊ ပန်းချီ၊ ရုပ်ပုံများ မဖြစ်ရ။
(င) ကိုယ်တိုင်
ဖန်တီးရိုက်ကူးရေးဆွဲခြင်း သို့မဟုတ် မှီငြမ်းကိုးကား ဖန်တီးရိုက်ကူးရေးဆွဲ ထားကြောင်း
ဝန်ခံချက်ပါရှိရမည်။
(စ) ပြိုင်ပွဲဝင်ပို့စကတ်များကို
အများပြည်သူအကျိုးငှာ ပြပွဲများ၊
စာအုပ်စာစောင်များ၊ Website များ၊ လက်ကမ်းစာစောင်များ၊
သင်ခန်းစာ ပို့ချမှုများနှင့်
ဗီဒီယိုမှတ်တမ်းများ၌ အသုံးပြုခြင်းကို
သဘောတူခွင့်ပြုရမည်။
သဘောတူခွင့်ပြုရမည်။
(ဆ) ပြိုင်ပွဲဝင်ပို့စကတ်များကို
ပေးပို့ရာတွင် ပို့စကတ်အရွယ်အစား(၈ လက်မ x
၁၀ လက်မ) ပို့စကတ်ကို Hard Copy နှင့် Soft Copy(CD) ကို
ပူးတွဲပေးပို့ရမည်။
(ဇ) ပြိုင်ပွဲဝင်ပို့စကတ်တိုင်းတွင်
အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊
ပို့စကတ်၏ အကြောင်းအရာကို ပို့စကတ်တိုင်း၏
နောက်ကျော၌ သီးခြားစက္ကူဖြင့်ကပ်ပြီး တစ်ပါတည်း ပူးတွဲပေး ပို့ရမည်။
ပြိုင်ပွဲတွင် ဆုရရှိသူများအား ပထမဆု သုံးသိန်းကျပ်၊
ဒုတိယဆု နှစ်သိန်းငါးသောင်းကျပ်၊ တတိယဆု
နှစ်သိန်းကျပ်နှင့် အထူးဆုတစ်သိန်းကျပ်စီ
ချီးမြှင့်သွားမည်ဖြစ်သည်။
ပြိုင်ပွဲဝင်ပို့စကတ်များကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထားပြီး
ဦးကျော်ဇင်စိုး၊ ညွှန်ကြားရေးမှူး(ထုတ်လုပ်)၊
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊
အမှတ်(၂၂၈)၊ သိမ်ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၃၇၁၃၄၀၊ ၀၁-၂၀၁၉၃၆ သို့
ပေးပို့ရမည်ဖြစ်ကြောင်းနှင့် ၎င်းနေ့ထက်
ကျော်လွန်၍ ပေးပို့လာသော ပို့စကတ်များအား ပြိုင်ပွဲဝင်ပို့စကတ်အဖြစ် လက်ခံမည်မဟုတ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment