တိုကျို
အောက်တိုဘာ ၁၃
ONE Championship က ကြီးမှူးကျင်းပသည့် 100 Century ပြိုင်ပွဲကို ယနေ့
နံနက်ပိုင်းနှင့်
ညနေပိုင်းက ဂျပန်နိုင်ငံ
တိုကျိုမြို့၌
ကျင်းပရာ
မြန်မာ MMA
ကစားသမား အောင်လအန်ဆန်နှင့်
စိန်ခေါ်သူ ဘရန်ဒန်ဗီရာတို့ပွဲတွင် အောင်လအန်ဆန်က ဒုတိယအချီတွင်
အနိုင်ယူပြီး ချန်ပီယံဆုကို ဆက်လက်ကာကွယ်နိုင်ခဲ့သည်။
လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ ချန်ပီယံဆုကာကွယ်ပွဲ
ပထမဆုံး
ထိုးသတ်ရသည့် အောင်လအန်ဆန် သည်
စိန်ခေါ်သူ
ဟဲဗီးဝိတ်တန်း ချန်ပီယံ
ဘရန်ဒန်ဗီရာ (ဖိလစ်ပိုင်) ကို
ဒုတိယအချီ ၃ မိနစ် ၂၃ စက္ကန့်တွင် ဒိုင်ပွဲရပ်ဖြင့်
အနိုင်ရခဲ့ခြင်းဖြစ် သည်။
အောင်လအန်ဆန်သည် ယခုပွဲ တွင်
၎င်းအားသာသည့်
ချုပ်ကွက်
အသုံးပြုခဲ့ရခြင်း
မရှိဘဲ
Stand Fight ဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်သည်။
အောင်လအန်ဆန်သည် ဂျပန်နိုင်ငံ၌ ဒုတိယအကြိမ် ထိုးသတ်ရသည့်ပွဲတွင် လည်း အမှားအယွင်းမရှိ နိုင်ပွဲရယူကာ ချန်ပီယံဆု ကာကွယ်နိုင်ခဲ့ခြင်းဖြစ်သည်။
အောင်လအန်ဆန်သည် ဂျပန်နိုင်ငံ၌ ဒုတိယအကြိမ် ထိုးသတ်ရသည့်ပွဲတွင် လည်း အမှားအယွင်းမရှိ နိုင်ပွဲရယူကာ ချန်ပီယံဆု ကာကွယ်နိုင်ခဲ့ခြင်းဖြစ်သည်။
အောင်လအန်ဆန်သည် ပထမအချီတွင် ခြေကန်ချက်များဖြင့် အဓိက
တိုက်စစ် ဆင်ခဲ့သည်။ နှစ်ဦးစလုံး ခြေကန်ချက်များဖြင့်
အကဲစမ်းခဲ့ပြီး သုံးမိနစ်အထိ
ထိရောက်သည့်
ထိုးသတ်နိုင်မှုမရှိခဲ့ပေ။
သုံးမိနစ်ကျော်တွင် အောင်လအန်ဆန်
ဟန်ချက်ပျက်သွားသည်ကို ဗီရာက
အခွင့်ကောင်းယူကာ ထိုးသတ်သော်လည်း ပညာသားပါပါ
ရှောင်ထွက်နိုင်ခဲ့သည်။
ပထမအချီပြီးခါနီးတွင်
အောင်လ အန်ဆန်၏
ထောက်လက်သီးကြောင့်
ဗီရာ
ယိုင်ဆင်းသွားခဲ့ပြီး
ဒုတိယအချီ တွင်
အောင်လအန်ဆန်က ဗျူဟာပြောင်းကာ
လက်သီးချက်များဖြင့် ထိုးသတ် ခဲ့သည်။
ဒုတိယအချီတွင် နှစ်ဦးစလုံး
ခြေကန်ချက်အစား လက်သီးချက်များဖြင့် အပြန်အလှန်ထိုး သတ်ခဲ့သည်။
အောင်လအန်ဆန်၏
လက်သီးချက်များကြောင့်
ဗီရာ
အထိနာခဲ့သလို
ဗီရာ
အားသာသည့်
ထောက်လက်သီးများကို
အောင်လအန်ဆန်အနေဖြင့်
ရှောင်တိမ်းနိုင်ခဲ့သည်။
အောင်လအန်ဆန်၏
လက်သီးချက်
များကြောင့်
ဗီရာ အထိနာလာသလို အောင်လအန်ဆန်လည်း
ဘရန်ဒန်ဗီရာ လက်သီးချက်မိပြီး
မျက်ခုံးကွဲသွားခဲ့သည်။
သုံးမိနစ်ကျော်တွင် အောင်လအန်ဆန်၏ ပတ်တံတောင် ကြောင့်
ဘရန်ဒန်ဗီရာပြိုဆင်းသွားခဲ့ပြီး ကြမ်းပြင်ပေါ် အကျတွင်လက်သီးချက်
ဖြင့် တရစပ်ထိုးရာ ဒိုင်လူကြီးက ပွဲရပ်ပြီး အောင်လအန်ဆန်ကို
အနိုင်ပေးခဲ့ သည်။ အောင်လအန်ဆန်သည် ဂျပန်၌ ထိုးသတ်သည့် နှစ်ပွဲစလုံး
နိုင်ခဲ့သည်။
အောင်လအန်ဆန်သည် လိုက်ဟဲဗီးဝိတ်တန်း
ကမ္ဘာ့ချန်ပီယံဆုကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီတွင်
ရယူနိုင်ခဲ့ပြီး
နှစ်နှစ်နီးပါးကြာမှ
ပထမဆုံး
ချန်ပီယံ
ကာကွယ်ပွဲထိုးသတ်ရခြင်းဖြစ်ကာ
အနိုင်ကစားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် အောင်လအန်ဆန်သည် ONE
မစ်ဒယ်ဝိတ်တန်းနှင့်
လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ ချန်ပီယံအဖြစ်
ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး ချန်ပီယံကာကွယ်ပွဲအားလုံး
အနိုင် ရသည့်
မှတ်တမ်းကောင်းကိုလည်း ပိုင်ဆိုင်ထားသည်။
ONE Championship သည် နံနက်ပိုင်းကျင်းပသည့် Part-1
တွင် တွဲဆိုင်း ၁၁ ပွဲ၊
ညနေပိုင်းကျင်းပသည့် Part-2
တွင် တွဲဆိုင်း ၁၁ ပွဲ
ကျင်းပခဲ့ပြီး မြန်မာ ကစားသမားနှစ်ဦး၏ တွဲဆိုင်းများ
ပါဝင်ခဲ့သည်။ ဖိုးသော်သည် တောင်ကိုရီးယား ကစားသမား ယွန်ချန်မင်နှင့်
ထိုးသတ်ခဲ့ရပြီး ပထမအချီ ၃ မိနစ် ၁၇ စက္ကန့်တွင်
ရှုံးပွဲကြုံတွေ့ခဲ့သည်။
ဖိုးသော်သည် ယွန်ချန်မင်ကို ချုပ်ကွက်ဖြင့် ရှုံးနိမ့်ခဲ့ပြီး ပွဲအစတွင်
ချုပ်ကွက်ဖြင့် ပွဲသိမ်းနိုင်သည့်အခွင့်အရေး
ရယူနိုင်ခြင်းမရှိ၍ နိုင်ပွဲနှင့်
လွဲချော်ခဲ့ရခြင်းဖြစ်သည်။ ဖိုးသော်သည် MMA ကစားသမားဘ၀ ဒုတိယမြောက်
ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။
ရဲရင့်ရှိုင်း၊ ဓာတ်ပုံ-ONE Championship

No comments:
Post a Comment