ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုး
တိုးတက်ရေး ကော်မတီကို ပြည်သူ့ လွှတ်တော် ပထမပုံမှန် အစည်းအဝေး၏ (၁၁)
ရက်မြောက်နေ့ဖြစ်သည့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင်
အမိန့်ကြော်ငြာစာအမှတ် ၃၀/၂၀၁၆ ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ကော်မတီ၏ သက်တမ်း
ကို တစ်နှစ်သတ်မှတ်ထားသည့်အတွက် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင်
တစ်ကြိမ်၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် တစ်ကြိမ်၊ ၂၀၁၉ ခုနှစ် ဖေဖော်
ဝါရီ ၁၄ ရက်တွင် တစ်ကြိမ် သက်တမ်းသုံးကြိမ် တိုးမြှင့် ခဲ့ပြီးဖြစ်သည်။
ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု
ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကို လုပ်ငန်းတာဝန် (၇)ရပ်၊ လုပ်ပိုင်ခွင့် (၅)
ရပ်၊ ရပိုင်ခွင့်နှင့် အခွင့်အရေး (၃)ရပ်တို့ဖြင့် သတ်မှတ်တာဝန်ပေးထားသည်။
ကော်မတီကို လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး
ကော်မတီဝင်များ အစားထိုး၊ ပြင်ဆင်၊ ဖြည့်စွက်လဲလှယ်မှုများပြုလုပ်၍ ယခုအခါ
ကော်မတီကို ကော်မတီဝင် ၁၈ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် လေ့လာသူ
နှစ်ဦးဖြင့် ပါဝင်ဖွဲ့စည်းထားသည်။
“ကျွန်တော်တို့ကော်မတီအနေနဲ့ စိစစ်ရတဲ့ ကော်မတီ ငါးခုရှိပါတယ်။ ကော်မတီအနေနဲ့ စက်မှုဇုန် ဥပဒေကိုပြဋ္ဌာန်းနိုင်အောင် ဆောင်ရွက်နေပါတယ်။ ဒီလိုပြဋ္ဌာန်းနိုင်ဖို့ စက်မှုဝန်ကြီးဌာန၊ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်၊ ပြည်ထောင်စု ရှေ့နေ ချုပ်ရုံး တို့နဲ့ ညှိနှိုင်းအစည်း အဝေးတွေ လုပ်ခဲ့ရပါတယ်။ စက်မှုဇုန်လုပ်ငန်းရှင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးရပါတယ်။ အခုပြည်သူ့လွှတ်တော် က ဆွေးနွေးပြီး အမျိုးသားလွှတ်တော်ကို ပေးပို့သွားမှာဖြစ် ပါတယ်”ဟု အဆိုပါကော်မတီဥက္ကဋ္ဌ စလင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးဝင်းသိန်းဇော်က ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ပြောသည်။
“ကျွန်တော်တို့ကော်မတီအနေနဲ့ စိစစ်ရတဲ့ ကော်မတီ ငါးခုရှိပါတယ်။ ကော်မတီအနေနဲ့ စက်မှုဇုန် ဥပဒေကိုပြဋ္ဌာန်းနိုင်အောင် ဆောင်ရွက်နေပါတယ်။ ဒီလိုပြဋ္ဌာန်းနိုင်ဖို့ စက်မှုဝန်ကြီးဌာန၊ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်၊ ပြည်ထောင်စု ရှေ့နေ ချုပ်ရုံး တို့နဲ့ ညှိနှိုင်းအစည်း အဝေးတွေ လုပ်ခဲ့ရပါတယ်။ စက်မှုဇုန်လုပ်ငန်းရှင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးရပါတယ်။ အခုပြည်သူ့လွှတ်တော် က ဆွေးနွေးပြီး အမျိုးသားလွှတ်တော်ကို ပေးပို့သွားမှာဖြစ် ပါတယ်”ဟု အဆိုပါကော်မတီဥက္ကဋ္ဌ စလင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးဝင်းသိန်းဇော်က ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ပြောသည်။
“နောက်တစ်ခုက
စက်မှုလုပ်ငန်းဥပဒေ ရေးဆွဲနိုင်ဖို့ လည်း ဆောင်ရွက်နေပါတယ်။ တကယ်တော့
ဥပဒေတွေ ဆိုတာ လွယ်လွယ်ရေးဆွဲလို့မရပါဘူး။ သက်ဆိုင်ရာ
အားလုံးနဲ့ညှိနှိုင်းပြီး ရေးဆွဲရတာ ဖြစ်ပါတယ်။ ဥပဒေကြမ်း ကော်မတီကိုလည်း
တင်ပြရပါတယ်။
“ကော်မတီအနေနဲ့ စက်မှုပိုင်းဆိုင်ရာဥပဒေတွေအပြင်
ရင်းနှီးမြှုပ်နှံမှုကဏ္ဍအတွက်လည်း ဆောင် ရွက်ရပါတယ်။
ကျွန်တော်တို့ကော်မတီကိုလည်း ပြည်တွင်း၊ ပြည်ပ ရင်းနှီး မြှုပ်နှံသူတွေ
လာရောက် တွေ့ဆုံဆွေးနွေးတာ ရှိပါတယ်။ အစိုးရနဲ့ လုပ်ငန်းလုပ်ဖြစ်တာတွေလည်း
ရှိတယ်၊ လုပ်ငန်း မလုပ်ဖြစ်တာလည်း ရှိတယ်။ ကျွန်တော်တို့ဆီကိုလာပြီး
ရင်းနှီးမြှုပ်နှံချင်တယ်လို့ ပြောတဲ့သူတိုင်းက စိန်ခေါ်မှုတွေ ရှိတော့
အဆင်ပြေတာလည်းရှိတယ်၊ အဆင်မပြေတာလည်း ရှိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ က စီးပွားရေးလုပ်ငန်းတွေဖြစ်တော့
ချက်ချင်းကြီးတော့ လုပ်မရဘူး။ အားလုံးကတော့ တိုးတက်မှုမြန်စေချင်ကြ တယ်။
တဖြည်းဖြည်းတိုးတက်အောင် ဆောင်ရွက်သွားရတာ ဖြစ်ပါတယ်။
“အရင်တုန်းက
လုပ်ထားခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တွေမှာ
ပွင့်လင်းမြင်သာမှုမရှိတာတွေ ရှိတယ်။ ဒါတွေကို အခုချိန်မှာ လိုက်ပြီး
ပြင်ဆင်ရတာ အခက်အခဲရှိပါတယ်။ စာချုပ်စာတမ်းကအစ ဘယ်လို တွေ
ချုပ်ဆိုခဲ့တယ်ဆိုတာ ကျွန်တော်တို့ မသိတာတွေလည်းရှိပါတယ်။ အရင်က
အရင်တစ်ပိုင်းပါ။ အခုကတော့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ
မှန်မှန်ကန်ကန်ဖြစ်အောင်၊ စာချုပ်တွေအားနည်းမှုမရှိ အောင်၊
ပြည်သူနစ်နာမှုမရှိအောင်၊ ပတ်ဝန်းကျင်ထိခိုက်မှု မရှိအောင် ကြိုးစား
ဆောင်ရွက် နေပါ တယ်။ အရင်ကိစ္စတွေ ကနေ သင်ခန်းစာရရှိခဲ့တာ တွေရှိပါတယ်။
ဒါကြောင့် နောက် ပိုင်းလုပ်ငန်း တွေမှာ အဓိက ပြည်သူနစ်နာမှုမရှိအောင်၊
နိုင်ငံအတွက် နစ်နာမှုမရှိအောင်၊ ဟာကွက်မဖြစ်အောင်
ကြိုးစားဆောင်ရွက်နေပါတယ်” ဟုလည်း ကော်မတီဥက္ကဋ္ဌ က ပြောပြသည်။
ပြည်သူ့လွှတ်တော်ရုံး၏ တာဝန်ခွဲဝေသတ်မှတ်ပေး ချက်အရ ကော်မတီသည်
ပုဂ္ဂလိကစက်မှု လုပ်ငန်း ဥပဒေ (ဥပဒေအမှတ် ၂၂/၁၉၉၀)၊ ဓာတုပစ္စည်းနှင့်
ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေ
(ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၈/၂၀၁၃)၊ ဘွိုင်လာဥပဒေ
(ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃၉/၂၀၁၅)၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ
(ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၂/၂၀၁၉)၊ ကုန်အမှတ်တံဆိပ်
မူပိုင်ခွင့်ဥပဒေ (ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃/၂၀၁၉)၊
တီထွင်မှုမူပိုင်ခွင့်ဥပဒေ (ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၇/၂၀၁၉)
တို့နှင့် စပ်လျဉ်းသည့် ဥပဒေပြုရေးဆိုင်ရာများကို ဆောင်ရွက်လျက် ရှိသည်။
ကော်မတီကစိစစ်ရသည့် ဥပဒေများအနက် ဓာတု ပစ္စည်းနှင့်
ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီး ကာကွယ်ရေးဥပဒေ၊ ဘွိုင်လာဥပဒေ၊
စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေ၊ ကုန်အမှတ်တံဆိပ် မူပိုင် ခွင့်ဥပဒေနှင့်
တီထွင်မှု မူပိုင်ခွင့်ဥပဒေတို့သည် ပြဋ္ဌာန်းပြီးဖြစ်သော်လည်း
စက်မှုဇုန်ဥပဒေကြမ်းကို ကော်မတီအနေဖြင့် ဆောင်ရွက်ပြီး ဖြစ်ပြီး
ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေကို စက်မှုလုပ်ငန်းဥပဒေ အဖြစ် ကော်မတီက
ဆောင်ရွက် သွားရန်လည်း ရှိသည်။
ထို့ပြင် ကော်မတီအနေဖြင့်
ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်စေရေး၊ သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး၊
လက်မှုလယ်ယာမှ စက်မှု လယ်ယာသို့ ကူးပြောင်းနိုင်ရေး၊ အသေးစားစက်မှုလက်မှု
လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ကူညီဖြည့် ဆည်း
ပေးလျက်ရှိသည်။
“ကျွန်တော်တို့ ကော်မတီနဲ့သက်ဆိုင်တဲ့ ရင်းနှီး
မြှုပ်နှံမှုဥပဒေအတွက်လည်း ထဲထဲဝင်ဝင်ဆွေးနွေး ပြီး
ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ကော်မတီအနေနဲ့ စက်မှုဇုန် ဥပဒေကြမ်းနဲ့ပတ်သက်ပြီး
ကော်မတီ ဝင်တွေနဲ့ အစည်း အဝေး ၁၆ ကြိမ်၊ စက်မှုဝန်ကြီးဌာနနဲ့ ၁၅ ကြိမ်၊
ဥပဒေ ရေးရာနှင့် အထူးကိစ္စ ရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၊
ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့နဲ့ အစည်း အဝေး ရှစ်ကြိမ်၊
စက်မှုဇုန်လုပ်ငန်းရှင်တွေနဲ့ အစည်း အဝေး နှစ်ကြိမ် စုစုပေါင်းအစည်းအဝေး ၄၁
ကြိမ် ကျင်းပ ပြုလုပ်ခဲ့ပြီး စက်မှုဇုန်ဥပဒေကြမ်းကို ၂၀၁၉ ခုနှစ် ဩဂုတ်လ
၁၈ ရက်နေ့မှာ ပြည်သူ့ လွှတ်တော်ကို တင်သွင်းခဲ့ပြီး ဥပဒေ ကြမ်းကော်မတီက
အစီရင်ခံစာ ဖတ်ကြားကာ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့မှာ ပြည်သူ့လွှတ်တော်
အစည်းအဝေးမှာ အတည်ပြုနိုင်ခဲ့တယ်။ ကော်မတီအနေနဲ့ စက်မှုဝန်ကြီးဌာနရဲ့
ဘတ်ဂျက်ကိုလည်း စိစစ်ရေး ပူးပေါင်းအဖွဲ့ (၁၂) အဖြစ် စိစစ်ဆောင်ရွက်ရပါတယ်။
“ကျွန်တော်တို့ ကော်မတီအနေနဲ့ စက်မှုကဏ္ဍနဲ့ ပတ်သက်ပြီး
အကျွမ်းတဝင်ရှိတယ်။ သေချာထိန်း ကျောင်း နိုင်တယ်။ ဒါပေမယ့်
ရင်းနှီးမြှုပ်နှံမှုကဏ္ဍကျတော့ အားနည်းချက်ရှိတယ်။ ကျွန်တော်တို့ ကော်မတီ
စိစစ် ရမယ့်အထဲမှာ ရင်းနှီးမြှုပ်နှံမှုဥပဒေ မပါရှိသေးပါဘူး။
ဒီဥပဒေပါရှိဖို့ လိုအပ်နေပါ တယ်။ ပြီးတော့ ရင်းနှီးမြှုပ်နှံမှု
လုပ်ငန်းတွေကို ထိန်းကျောင်းနိုင်အောင်၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ
ကို ပြည်သူကို ပွင့်ပွင့်လင်းလင်းတင်ပြနိုင် အောင် ဆောင်ရွက်နိုင်ဖို့
ကြိုးပမ်းသွားမှာပါ” ဟု ကော်မတီအတွင်းရေးမှူး လှိုင်မြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ပြောကြား သည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး များအတွင်း
ကော်မတီမိတ်ဆက်အစည်းအဝေး သုံးကြိမ်၊ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ၁၁
ကြိမ်၊ ပြင်ပအဖွဲ့အစည်း ၁၀ ကြိမ်၊ ပူးပေါင်းအဖွဲ့ (၁၂) ဘတ်ဂျက်စိစစ် ၃၄
ကြိမ်၊ ဥပဒေကြမ်းကော်မတီနှင့်ဆွေးနွေးမှု ၄၂ ကြိမ်၊ စက်မှု ဝန်ကြီးဌာနနှင့်
ဥပဒေကြမ်းဆွေးနွေးမှု ၂၈ ကြိမ်၊ စက်မှု ဝန်ကြီးဌာနနှင့်
မြင်းခြံ-ပင်းပက်စီမံကိန်း တစ်ကြိမ် စုစုပေါင်း အစည်းအဝေး ၁၂၉ ကြိမ်
ကျင်းပခဲ့ပြီးဖြစ်သည်။
“လာမယ့် (၁၄) ကြိမ်မြောက် လွှတ်တော်အစည်း
အဝေးတွေမှာ အသေးစား၊ အလတ်စား စက်မှုလုပ်ငန်း ဥပဒေ၊ စီးပွားရေးလုပ်ငန်းဥပဒေ၊
SME လုပ်ငန်းမှာ အငယ်စား(micro) တစ်ခု ထပ်ထည့်ပြီး MSME အဖြစ်
ပြောင်းလဲနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။ ဘာဖြစ်လို့ ဒီလိုဆောင် ရွက်ရ
တာလဲဆိုတော့ ကျွန်တော်တို့ နိုင်ငံမှာ က အသေးစားလုပ်ငန်းတွေ
အများကြီးရှိပါတယ်။ ဒီလုပ်ငန်းတွေက ဥပဒေထဲမှာအကျုံးမဝင်တော့ အကျိုး
ခံစားခွင့်မရရှိသေးဘူးဖြစ်နေတယ်။ ပြီးတော့ စက်မှု လုပ်ငန်းဥပဒေကိုလည်း
လာမယ့်အစည်းအဝေးအတွင်း မှာ ရေးဆွဲသွားမှာဖြစ် ပါတယ်။
“ကျွန်တော်တို့ကော်မတီအနေနဲ့ သေချာမထိန်း ကျောင်းနိုင်သေးတဲ့
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတ ွေအတွက် ရင်းနှီးမြှုပ်နှံမှုနှင့်
နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာနနဲ့လည်း
ချိတ်ဆက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပွင့်ပွင်းလင်းလင်းပြောရရင်
စက်မှုကဏ္ဍနဲ့ပတ်သက်တဲ့ အချက်အလက်၊ အခြေအနေကို ကျွန်တော်တို့ သေချာသိရှိ
ထိန်းကျောင်းနိုင်တယ်။ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍကတော့ ဝန်ကြီးဌာနက
အခုမှဖွဲ့စည်းထားတာ မကြာသေးတော့ ဆက်သွယ်ချိတ်ဆက်မှုမရ သေးဘူး။
“အခုဆို ရန်ကုန်မှာဆိုရင် ညောင်နှစ်ပင်စက်မှုဇုန်၊ ထန်းတပင်စက်မှုဇုန်၊
လှည်းကူးစက်မှုဇုန်ရှိတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး
အချက်အလက်သေချာမသိရသေးပါဘူး။ ကျွန်တော်တို့ဆီမှာက ရင်းနှီး
မြှုပ်နှံမှုပမာဏ နည်းနည်းနဲ့ အငယ်စားက တစ်သိန်းခွဲလောက်ရှိပါတယ်။ SME က
၃၀၀၀၀ လောက်ရှိတယ်။ ဒါတောင်မှ မှတ်ပုံမတင်တာ တွေ အများကြီးကျန်ပါသေးတယ်။
SME ကို နှစ်ဆင့် ချေးငွေ တွေပေးတယ်၊ နည်းပညာပံ့ပိုးပေးတယ်။ အသေးစား
လုပ်ငန်းတွေကတော့ ဥပဒေမှာ အကျုံး မဝင်တော့ ကျန်နေ တယ်။ ဒါကြောင့် SME
ဥပဒေထဲမှာ အသေးစားလုပ်ငန်း ပါဝင်အောင် ထပ်ထည့်ပြီးပြင်ဆင်သွားဖို့
ရှိပါတယ်” ဟု ကော်မတီအတွင်းရေးမှူးက ပြောသည်။
ထို့ပြင်
ကော်မတီအနေဖြင့် ပြည်သူများထံမှ ပေးပို့လာသည့်
တိုင်ကြားစာများနှင့်စပ်လျဉ်း၍ ဆောင်ရွက် ပေးလျက်ရှိသည်။ ကော်မတီသို့
ပေးပို့လာ သည့် တိုင်ကြားစာ ၂၉ စောင်ရှိပြီး အဆိုပါတိုင်စာများနှင့်
စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများသို့ မှတ်ချက်ပြုပေးပို့ထား
ကြောင်း သိရသည်။
ရှင်မင်း၊ ဓာတ်ပုံ - ကေကေ

No comments:
Post a Comment