Monday, October 14, 2019

ပြည်ထောင်စုဝန်ကြီး ဉီးဟန်ဇော် ချင်းပြည်နယ်အတွင်းရှိ လမ်း၊ တံတား ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၁၄
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးဟန်ဇော်နှင့် ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်တို့သည် ယမန်နေ့နံနက်ပိုင်းတွင် တီးတိန် -  ရိဒ်လမ်း ပြုပြင်ထိန်းသိမ်းထားရှိမှု နှင့် မံဆောင်းတံတားသစ် တည်ဆောက်မည့်နေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။

အိန္ဒိယ - မြန်မာ နှစ်နိုင်ငံဆက်သွယ်ရေးလမ်းဖြစ်သော တီးတိန် - ရိဒ်ခေါရ်ဒါလမ်း ပေါ်ရှိ မံဆောင်းကြိုးတံတားဟောင်းအနီးတွင် ရာသီမရွေးသွားလာနိုင်မည့် မံဆောင်းတံတား သစ်ကို ယဉ်တစ်စီးချင်းခံနိုင်ဝန် တန် ၆၀ ရှိ နှစ်လမ်းသွား Steel Box Girder Type ဖြင့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စတင်တည်ဆောက်သွားမည်ဖြစ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် တီးတိန် - ရိဒ် လမ်းအူကြောင်း သစ်လျာထားနေရာ၊ တီးတိန် - ရိဒ်ခေါရ်ဒါနယ်စပ်တံတားနှင့် အိန္ဒိယ - မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား တည်ဆောက်မည့်နေရာ၊ ဆအက် - သီးကျိရ် - မွှန်လွှ - ကြော့သဲ - လျန်နှာ (ဟ) - လျန်နှာ(သ) - တီအိုချောင်း - ရိဒ် ကျေးလက်လမ်း၊ ရိဒ် - ဖလမ်း - ဟားခါးလမ်းနှင့် တလပ်လွန် - ခဲန်ကန် - ခေါရွာ - ကျဲရ်မွန်လမ်း တို့ကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဆူရ်ဘုန်(ဖလမ်း) လေဆိပ်သစ်တည်ဆောက်နေမှုနှင့် ဖလမ်း - ဟားခါးလမ်း ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

(သတင်းစဉ်)

No comments:

Post a Comment