တိုကျို
အောက်တိုဘာ ၂၀
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်အစိုးရ၏ ဖိတ်ကြားချက်အရ ဂျပန်ဧကရာဇ် နာရူဟီတို၏ ထီးနန်းတက်ပွဲ
အခမ်းအနားသို့ တက်ရောက်ရန် ယနေ့နံနက် ၈ နာရီခွဲ တွင် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ
ထွက်ခွာရာ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသူ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ
ဒေါက်တာ မျိုးအောင်နှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံ အမတ်ကြီး Mr .
Ichiro Maruyama နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင် ရာလေဆိပ်၌ ပို့ဆောင်
နှုတ်ဆက်ကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ
နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ စီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ
လိုက်ပါကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ
မိနစ် ၂၀ တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ ရောက်ရှိကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီး ဦးမျိုးမြင့်သန်းနှင့်ဇနီး၊ ထိုင်းနိုင်ငံဆိုင်ရာ
မြန်မာစစ်သံမှူး (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်ခင်ဇော်နှင့် မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ
တာဝန်ရှိသူများက သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထိုမှတစ်ဆင့်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ထိုင်းလေကြောင်းလိုင်းဖြင့် ဆက်လက်
ထွက်ခွာရာ ဒေသစံတော်ချိန် ည ၉ နာရီ မိနစ် ၅၀ တွင် ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ရောက်ရှိကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား
ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ အထူး အကြံပေးပုဂ္ဂိုလ် Mr. Hiroto Izumi ၊ ဂျပန်နိုင်ငံဆိုင်ရာ
မြန်မာသံအမတ်ကြီး ဦးမြင့်သူ၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး ဗိုလ်မှူးကြီးတင်စိုး၊
ဂျန်ပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ
တာဝန်ရှိသူများနှင့် သံရုံးမိသားစုများက Haneda အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ခေတ္တတည်းခိုမည့် တိုကျိုမြို့ရှိ
The Imperial Hotel သို့ ရောက်ရှိကြသည်။
(သတင်းစဉ်)

No comments:
Post a Comment