Monday, October 28, 2019

2020 Year of ASEAN Identity Logo Design Competition for ASEAN Youths တွင် အသုံးပြုမည့်Logo အတွက် ပြိုင်ပွဲဖိတ်ခေါ်ခြင်း


၁။ အာဆီယံအတွင်းရေးမှူးချုပ်ရုံးအနေဖြင့် (၂၀၂၀)ပြည့်နှစ်အား အာဆီယံ ပြည်သူများအကြား အာဆီယံ၏သွင်ပြင်လက္ခဏာကို ပိုမိုဖွံ့ဖြိုးတိုးတက်စေပြီး အားပေးမြှင့်တင်သည့် အထိမ်းအမှတ် နှစ်အဖြစ် သတ်မှတ်ပြီး လူငယ်များ၏ တီထွင်ဖန်တီးမှု ပေါ်လွင်ထင်ဟပ်စေမည့် 2020 Year of ASEAN Identity Logo Design Competition for ASEAN Youths ပြိုင်ပွဲကို ဒီဇိုင်းပညာရှင်များ ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အသိပေးထုတ် ပြန်ထားပါသည်။

၂။ အဆိုပါ Logo ဒီဇိုင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လိုသူများအနေဖြင့်-
(က) ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့တွင် အသက် ၁၈ နှစ်ပြည့် ပြီး ၃၅နှစ်ထက် မကျော်လွန်သူများ ဖြစ်ရမည်၊
(ခ) ပြိုင်ပွဲဝင် တစ်ဦးလျှင် Logo (၂)ခုထက်ပို၍ ယှဉ်ပြိုင်ခြင်းမပြုရ၊
(ဂ) အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဝန်ထမ်းများ၊ အရာထမ်းများ နှင့် ယင်းတို့၏ မိသားစုဝင်များ ပါဝင်ယှဉ်ပြိုင်ခြင်းမပြုရ၊
(ဃ) လျှောက်လွှာတွင် ကိုယ်ပိုင်တီထွင်ဖန်တီးထားသည့် logo ဒီဇိုင်းနှင့်အတူ စာလုံးရေ (၅၀)ထက် မပိုသည့် logo အဓိပ္ပာယ် ဖွင့်ဆိုချက်ကို တစ်ပါတည်းပူးတွဲတင်ပြရပါမည်၊
(င) logo ဒီဇိုင်းမှာ JPEG format ဖြင့် အနည်းဆုံး 2cm ပတ်လည် ဖြစ်ရပါမည်၊
၃။ ယှဉ်ပြိုင်မည့် Logo များထဲမှ Winner ရရှိသူအား ယူရို 2000၊ 1st Runner Up ရရှိသူအား ယူရို 1000 နှင့် 2nd Runner Up ရရှိသူအား ယူရို 500 အသီးသီးဆုချီးမြှင့်သွားမည် ဖြစ်ပါသည်။
၄။ ပြိုင်ပွဲဝင်လျှောက်လွှာများကို အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ အင်တာနက်စာမျက်နှာဖြစ် သည့် www.asean.org တွင် 2020 Year of ASEAN Identity Logo Design Competition for Youths ဟု ရှာဖွေရယူ နိုင်ပြီး sofiany@asean.org သို့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့ နောက်ဆုံးထား၍ အီးမေးလ်ပေးပို့ရမည်ဖြစ်ပါသည်။ ရွေးချယ်ခံရသူများအား အာဆီယံ၏ တရားဝင် Facebook Page တွင်လည်းကောင်း၊ ASEAN Committee on Culture and Information (ASEAN-COCI) Facebook Page တွင်လည်းကောင်း ကြေညာပေးသွားမည်ဖြစ်ပြီး ဆုချီးမြှင့် ပွဲအခမ်း အနားကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါ သည်။
၅။ ပြိုင်ပွဲနှင့် စပ်လျဉ်းသည့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါ က အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၏ တရားဝင်အင်တာနက်စာမျက်နှာဖြစ် သည့် www.asean.org တွင် 2020 Year of ASEAN Identity Logo Design Competition ဟု ရိုက်နှိပ်၍ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း အသိပေးထုတ်ပြန်ထားပါသည်။

No comments:

Post a Comment