ရန်ကုန် စက်တင်ဘာ ၃၀
ပညာရေးဝန်ကြီးဌာန၊ Deutscher
Akademischer Austauschdienst (DAAD)၊ Dialogue on Innovative Higher
Strategies(DIES)နှင့် HRK German Rector’s Conference တို့ ပူးပေါင်းကျင်းပသည့်
University Autonomy Workshop အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်မြို့
Chatrium Hotel ၌ကျင်းသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြား ရာတွင် ယနေ့ကျင်းပသည့် University
Autonomy Workshop ကို ပညာရေးဝန်ကြီးဌာန၊ Deutscher Akademischer Austauschdienst
(DAAD)၊ Dialogue on Innovative Higher Strategies(DIES)နှင့် German Rector’s
Conference(HRK) တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိ
အဆင့်မြင့် ပညာရေး ပြုပြင်ပြောင်းလဲမှုများနှင့်ပတ်သက်၍ အကျဉ်းချုပ်ရှင်းလင်း တင်ပြလိုကြောင်း၊
မြန်မာနိုင်ငံ တွင် တက္ကသိုလ်(၁၇၆)ခု ရှိသည့်အနက် ပညာရေး ဝန်ကြီးဌာနအောက်တွင် တက္ကသိုလ်၊
ဒီဂရီကောလိပ်(၁၃၄) ခုရှိပြီး ကျောင်းသား ကျောင်းသူ (၉၈၀၀၀၀)ကျော်တက်ရောက်လျက်ရှိပါကြောင်း။
ရှေးဦးကလေးသူငယ်ပညာရေးမှစ၍ တက္ကသိုလ်၊
ဘဝတစ်သက်တာသင်ယူရေး အခွင့်အလမ်း တို့ကို ရရှိအောင် အရည်အသွေးရှိသော ပညာရေးဖြင့် ဆောင်ရွက်ရ
မည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် အဆင့်မြင့် ပညာကဏ္ဍတွင် ပညာ ရေးပြုပြင်ပြောင်းလဲမှုများကို
တွန်းအားပေးဆောင်ရွက်လျက်ရှိရာ သင်ကြား သင်ယူရေး နည်းလမ်းများ၊ အကဲဖြတ်စစ်ဆေးမှုစနစ်၊
အရည်အသွေးအာမခံမှု ကောင်းမွန်ရေး အစီ အစဉ်များကိုလည်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ နိုင်ငံတကာအဆင့်မြင့်ပညာ
ကျောင်းများနှင့် နားလည်မှု စာချွန်လွှာများ ရေးထိုး ဆောင်ရွက်မှုများကိုလည်း ပိုမိုအားပေးဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊
အထူးသဖြင့် ပူးတွဲသုတေသန လုပ်ငန်းများ ကိုလည်း ဆောင်ရွက်ခဲ့ပြီး Erasmus + Program
အစီအစဉ်များ၊ ကျောင်းသား များအပြန်အလှန်လဲလှယ်ခြင်း၊ ဧည့်ပညာ ရှင်များဖိတ်ခေါ်ခြင်း၊
လေ့လာရေးဆွေးနွေးပွဲ ခရီးစဉ်စေလွှတ်ခြင်း များကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း။
ထို့ပြင် ၂၀၁၆ ခုနှစ်နောက်ပိုင်း
ပညာရေးကဏ္ဍ ဘတ်ဂျက်များကို သိသိသာသာ တိုးမြှင့်သုံးစွဲလာနိုင် သည့်အတွက် ပညာသင်ထောက်ပံ့ကြေး၊
လက်တွေ့ခန်းသုံးပစ္စည်း များကိုလည်း ပိုမိုပံ့ပိုးပေးလာသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊
စုပေါင်းအားဖြင့် ပူးပေါင်းဆောင်ရွက်မှုကိုအားပေးသည့် တာဝန်ယူမှု၊ တာဝန်ခံမှု တို့ဖြင့်
စီမံခန့်ခွဲမှုများကို ပိုမိုဆောင်ရွက်ရန်အားပေးနေပါကြောင်း၊ အရည်အသွေးရှိသော အဆင့်မြင့်
ပညာရေး ဖြစ်လာရန်အတွက်လည်း အင်္ဂလိပ်စာ၊ အိုင်စီတီ၊ သင်ရိုးညွှန်းတမ်း၊ သင်ယူမှုဝန်းကျင်
ကောင်းများ၊ စဉ်းစား တွေးခေါ်မှုသင်ကြားနည်းစနစ်များ၊ ဒေသ၏လိုအပ်ချက်ကို ဖြည့်ဆည်း
ပေးနိုင်သည့် ဘွဲ့သင်တန်းများကို ဆောင် ရွက်ရန်လည်းအားပေး နေပါကြောင်း၊ တက္ကသိုလ်အချို့တွင်
တက္ကသိုလ်ဝင်ခွင့်များကို ကိုယ်တိုင်စီမံခန့်ခွဲ ဆောင်ရွက်နေပြီး ဝန်ထမ်း ရာထူးတိုး
အပြောင်းအရွှေ့များကိုလည်း စွမ်းဆောင်ရည် ပေါ်တွင် မူတည်၍ ဦးစားပေးဆောင် ရွက်နေပါကြောင်း၊
စိုက်ပျိုးရေး၊ အာဟာရ ပြည့်၀ရေး၊ ကျန်းမာရေး၊ ခရီးသွားလုပ်ငန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်း
ရေးနှင့် ရေပညာရပ်ဆိုင်ရာ လုပ်ငန်း များကိုလည်း ပူးပေါင်းဆောင်ရွက်ရန် အားပေးနေပါကြောင်း
ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီး
Mr.Thomas Neisinger နှင့် DAAD Hanoi မှ Mr.Stefan Hase-Bergen တို့က အမှာစကားပြောကြားသည်။
ထို့နောက် German Rector’s
Conference(HRK) မှ Ms.Jarijke Wahlers၊ Vietnam National University မှ Dr.Nguyen
Thi Huyen နှင့် မန္တလေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းတို့က
University Autonomy နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသူများက မေးမြန်းသည်များ
ကို ပြန်လည် ဖြေကြား ကြသည်။
University Autonomy Workshop ကို
စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁ ရက်အထိ ပြုလုပ် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment