ရန်ကုန် စက်တင်ဘာ ၁၃
ပြန်ကြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် UNESCO မှ ဌာနေကိုယ်စားလှယ် Ms. Min Jeong
Kimနှင့် UN WOMEN မှ ဌာနေ ကိုယ်စားလှယ် Mr. Nicolas BURNIAT တို့အား ယနေ့ညနေပိုင်းတွင်
ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ်
UNESCO နှင့် UN WOMEN တို့ ပူးပေါင်းပြီး ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ
ရွေးကောက်ပွဲဆိုင်ရာ သတင်းရေးသား ထုတ်ပြန်မှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ
Social Media အသုံးပြုမှုနှင့် သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာ သင်တန်းများ ပို့ချနိုင်ရေးတို့နှင့်
စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည် ။
(သတင်းစဉ်)
No comments:
Post a Comment